စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။

လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲ စစ်ထဲထည့်နေတဲ့ စစ်ကော်မရှင်က အဆိုပါ လူငယ်တွေအနေနဲ့ တာဝန်ကျေအောင် စစ်မှုထမ်းမယ်ဆိုရင် တာဝန်ပြီးဆုံးချိန်မှာ သူတို့ဆန္ဒရှိတဲ့ အလုပ်အကိုင်တွေ ရှာဖွေပေးခြင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေနဲ့ ချိတ်ဆက်ပေးခြင်း၊ ဘာသာစကား၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်း၊ လုပ်ငန်းခွင် ကျွမ်းကျင်သင်တန်းတွေ ပို့ချပေးခြင်းနဲ့ ပြည်ပနိုင်ငံတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ စေလွှတ်ခြင်းတွေ လုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကျ ပြုလုပ်တဲ့ စစ်ကော်မရှင်ရဲ့ ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေးမှာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်ခန့် အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆန္ဒရှိတဲ့ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ တက်ရောက်နိုင်ဖို့ သက်မွေးသင်တန်းကျောင်းတွေ ဖွင့်လှစ်ထားတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ချိတ်ဆက်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

စစ်မှုထမ်းတာဝန်ပြီးဆုံးချိန် ဒီလိုတွေ လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်က မဟုတ်တမ်းတရား ပြောနေပေမယ့် တကယ့်လက်တွေ့မှာတော့ လူငယ်တွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံရပြီးတဲ့နောက်ပိုင်း ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးမှုတွေ၊ ထွက်ပြေးအလင်းဝင်မှုတွေသာ ရှိနေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ရဲဘော်တွေကို တပ်သားကုဒ်နဲ့ တာဝန်တွေ ခန့်အပ်​​ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားသည့် စစ်ရာဇဝတ်မှုများကို အရေးယူ‌ပေးရန် နိုင်ငံတကာကို မန္တလေး-PDF တိုက်တွန်း

အရပ်သားများအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကို အရေးယူပေးဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က နိုင်ငံတကာကို ယမန်နေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

အုတ်ဖိုတွင် ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ ကျော် သေ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာမှာ တပ်စွဲကာ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာမှာ စစ်အုပ်စုဘက်က အယောက် ၂၀ ကျော် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တိုက်ခိုက်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

မနေ့က အပစ်ရပ် ကြေညာပြီး ဒီနေ့ စစ်ကောင်စီ ကနီကို ဗုံးကြဲတိုက်ခိုက် 

အပစ်ခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

မိုးကုတ်မြို့ကို စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးမှု ရှိ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။