မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ ပြည်သူ့စစ် (ပစ) ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးလာကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်ကစလို့ ဆိပ်ဖြူမြို့နယ်အခြေစိုက် ကပစ ၂၂ ကနေ ထွက်လာတဲ့ တပ်မ- ၉၉ လက်အောက်ခံ အင်အား ၃၀၀ ကျော်ပါ တပ်ရင်း ၃ ခုဟာ လက်ရှိမှာ ပေါက်မြို့နယ်တောင်ပိုင်းထဲ စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းထဲကနေ လက်နက်ယူထွက်ပြေးတဲ့ စစ်ကော်မရှင်တပ်သားတွေလည်း ရှိနေပါတယ်။

အဲ့ဒီထဲကမှ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ခမရ ၁၀၉နဲ့ ခမရ ၄၁၉ တပ်ရင်းတွေက စစ်ကော်မရှင်တပ်သား ၂ ယောက် ထွက်ပြေးလာကြပြီး ပေါက်ပကဖက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

သူတို့နဲ့အတူ RPG ၁ လက်၊ အဖူး ၄ ဖူး ၊ MA4 ၁ လက်၊ 40mm အသီး ၁၂ လုံး နှဲ့ လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် ၁၀၀ တောင့် နဲ့ G3 ကျည် ၁၉ တောင့် တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ စစ်ကော်မရှင် တပ်သား ၂ ယောက်ထဲက ၁ ယောက်ဟာ နိုဝင်ဘာ ၁ ရက်နေ့မှာ ခြေထောက်နာနေတဲ့အတွက် စစ်ကြောင်းကနေ ကျန်နေခဲ့တာဖြစ်ပြီး ကျန်တဲ့တစ်ယောက်ကတော့ စစ်ကြောင်းကနေ ထွက်ပြေးလာခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က ပြည်သူတွေကို ရှောင်ခိုင်းရတယ်။ ရှောင်ခိုင်းပြီးတဲ့အချိန်မှာ သူတို့ ညအိပ်ပြီးတော့ မနက်မိုးလင်းတဲ့အချိန်မှာ တစ်ယောက်ကတော့ လူစုကွဲပြီး ကျန်နေခဲ့တာ။ နောက်တစ်ယောက်ကတော့ လမ်းမှားပြီး ကျန်နေခဲ့တယ်။ အဲ့အချိန်မှာ ကျနော်တို့ ရပ်ကျေးပကဖ ကင်းအဖွဲ့တွေနဲ့ တွေ့တာပေါ့နော်။ တွေ့ပြီးတော့ ကျန်ောတို့ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ ခေါ် ယူခဲ့တယ်” လို့ ပေါက်မြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလားတူ အဲ့ဒီစစ်ကြောင်းထဲကနေ ထပ်မံထွက်ပြေးလာတဲ့ ခမရ ၁၄ (ကျောက်ဆည်)တပ်ရင်းက ပြည်သူ့စစ်သင်တန်းဆင်း ၁ ယောက်ဟာလည်း နိုဝင်ဘာလ ၉ ရက်နေ့မှာ အဖွဲ့ထံရောက်ရှိလာတယ်လို့ ပေါက်ပကဖ က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတပ်သားနဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ 5.56 ကျည် ၁၀၀၊ အီနာဂါ တစ်လုံး၊ လက်ပစ် တစ်လုံးနဲ့ RPG ဖူး တစ်ဖူးတို့ ပါရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပေါက်ပကဖကတော့ ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ စစ်သားနဲ့ ပျုစောထီးတွေအဖြစ် အကြမ်းဖက်စစ်တပ်လက်အောက်မှာ မနေထိုင်ဘဲ သက်ဆိုင်ရာ တော်လှန်ရေး နယ်မြေခံတွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းထားပါသေးတယ်။

အကြမ်းဖက်စစ်ကြောင်းထံမှ ထွက်ပြေးလာသူများအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ် (ဓာတ်ပုံ ပေါက်ပကဖ)

0 Shares:
You May Also Like
Read More

မြင်းခြံမှာ စစ်အုပ်စုကားတန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သားနဲ့ ပျူ ၂၀ ကျော် သေဆုံး၊ သေနတ် ၁၀ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်အုပ်စုကားတန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၂၀ ကျော် မျက်မြင်သေဆုံးပြီး သေနတ်၁၀လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၇) Zero ပြောက်ကျားတပ်ဖွဲ့ 2IC ကိုဗညား က မောင်းကိုပြောပါတယ်။
Read More

တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ​ပြည်သူ့တော်လှန်ရေးတပ်ဦးက ရဲဘော်ဝဿန်၏ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအခမ်းအနား…

ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) ရဲ့ အဖိနှိပ်ခံလူထုလွတ်​မြောက်ရေးတိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ​ရဲဘော်ဝဿန်ရဲ့ (၂နှစ်)ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ယူကေရောက် တိုင်းရင်းသားတွေ ပင်လုံစာချုပ် (၇၉) နှစ်မြောက် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ယူကေရောက် ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက ပင်လုံစာချုပ်ချုပ်ဆိုခြင်း(၇၉) နှစ်မြောက် အခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

နိုင်ငံသားများ၏ ဘဝလုံခြုံအေးချမ်းမှု အပြည့်အဝ ပေးစွမ်းနိုင်သည်အထိ အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကတိပြု

နိုင်ငံသားတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့အထိ ဆက်လက်ပြီး အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကတိပြု ပြောဆိုလိုက်ပါတယ်။
Read More

ဝက်စာ ရှာထွက်သည့် မြေးအဘိုး ၃ ဦးကို စစ်တပ်က ပစ်လို့ ၂ ဦးသေပြီး၊ ၁ ဦးဒဏ်ရာရ…

“သူတို့ကဆင်းရဲတဲ့မိသားစုတွေ၊ (စစ်တပ်) ပတ်ကင်းနဲ့တွေ့ပြီး သူတို့ဆိုင်ကယ်ကို လှမ်းတားတာ … မကြားမိလို့ပဲလားမသိ မရပ်ပေးတော့ …ပစ်ခံလိုက်ရတာ၊ မြေးအဘိုးတွေက ဆိုက်တွဲနဲ့ ဝက်စာ အစာရှာထွက်တာ၊ အဘိုးက ၆၀ ကျော်၊ မြေးတွေက ၂၀ ဝန်းကျင်ပဲ ” လို့ ဆားလင်းကြီးမြို့နယ် သိမ်တော်ရွာခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။