ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် မနေ့ ညနေ ၅နာရီကျော်လောက်မှာ ညောင်လေးပင်မြို့နယ်၊ စည်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ မင်းမင်းဦးနဲ့ သူ့ရဲ့ ညာလက်ရုံးတပည့် ငမျိုး (ခ) မိုးကြိုးငမျိုးကို ပစ်ခတ်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။

“သူတို့ ၂ယောက်ကို တစ်နေရာတည်း ရှင်းလင်းခဲ့တာ မဟုတ်ဘူး။ မင်းမင်းဦးကို ၃နာရီ ၄၅ မိနစ်မှာ၊ ငမျိုးကို ၅နာရီ ၂၅ မိနစ်မှာ (ရှင်းခဲ့တာ)၊ နေရာက တစ်နေရာတည်း မဟုတ်ဘူး။ ငမျိုးက မနှစ်က မင်းမင်းဦး စည်ပင်မှာ ဂိတ်ဖွင့်ကတည်းက ဂိတ်ကြေးကောက်နေတဲ့ လက်ရင်းတပည့်တစ်ယောက်ပါ” လို့ 9 Stars UG ခေါင်းဆောင် မြွေပွေးက မောင်းကို ပြောပါတယ်။

ပျူခေါင်းဆောင် မင်းမင်းဦးနဲ့ သူ့ပည့် ငမျိုးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုတွေကို စစ်ကော်မရှင်တပ်ထံ သတင်းပေးနေသူတွေ ဖြစ်ပြီး ပျူခေါင်းဆောင် မင်းမင်းဦးကို အမြဲ ဖုန်းဆက် သတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိတာကြောင့် အခုလို ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းမင်းဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြင်း ခံရပြီးတဲ့နောက် သေပြီလို့ သတင်းလွှင့်ထားပြီး ၂လခန့်ကြာ ဆေးကုသမှု ခံယူခဲ့ရကာ ပြန်လည်ကောင်းမွန်လာပြီးနောက် ညောင်လေးပင်မြို့နယ် စည်ပင်ကျေးရွာမှာ မနေတော့ဘဲ ဒိုက်ဦးမြို့ ဒရယ်မီးလမ်းဆုံ မီးပွိုင့်အနီးမှာ အိမ်တစ်လုံး ဝယ်ယူနေထိုင်ခဲ့ပါတယ်။

အဲဒီနောက် စစ်မှုထမ်းအတွက် လူဖမ်းခြင်း၊ ညောင်လေးပင်က ဗိုလ်မှူးနေလင်းနဲ့ ပေါင်းပြီး ကျေးရွာနေပြည်သူတွေအပေါ် အမျိုးမျိုး ငွေညှစ် ဒုက္ခပေးနေတာကြောင့် အခုလို ဒုတိယအကြိမ် ထပ်မံပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင် မင်းမင်းဦးရဲ့ တပည့် ငမျိုးကတော့ ဒေသခံပြည်သူတွေအပေါ် အနိုင်ကျင့်တဲ့အပြင် မုဒိမ်းမှု ကျူးလွန်ထားပေမယ့် စစ်တပ်က ဖမ်းဆီးအရေးယူခြင်းမရှိသလို သူနဲ့အဆင်မပြေသူတွေကိုလည်း တော်လှန်ရေးတံဆိပ်ကပ်ကာ တိုင်ကြား ငွေညှစ်နေသူဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်မောက်နယ် မြင်းတဲကြီးရွာထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာထဲကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ၉၀၂ တပ်ရင်းရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက်၊ မနက် ၇ နာရီလောက်မှာ မြင်းတဲကြီးရွာကနေ အင်အား ၉၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို မြင်းတဲကြီး နဲ့ ထနောင်းကုန်းရွာကြားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
Read More

တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုဖို့ မင်းအောင်လှိုင် ပြော

တိုင်းရင်းသားလက်နက်ကိုင်တပ်‌ဖွဲ့ EAOs တွေအနေနဲ့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ တောင်းဆိုသင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

ထိုင်းနိုင်ငံမှ ဖမ်းဆီးပြန်ပို့ခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ် ၄ ဦး အလင်းဝင်

တနင်္သာရီတိုင်း၊ ပလောက်မြို့မှာ အပတ်စဥ် ၁၁ စစ်မှုထမ်းသင်တန်းအတွက် အဓမ္မစစ်သားစုဆောင်းခံရသူ လူငယ် ၄ ယောက်ဟာ ဘက်ပြောင်းခိုလှုံအလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့တွင် ယနေ့မနက် စစ်အုပ်စု ဗုံးကြဲမှုကြောင့် ကလေး (၁) ဦးအပါ ပြည်သူ (၃) ဦး သေဆုံး

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်မှုကြောင့် ကလေး (၁) ယောက် အပါအဝင် ပြည်သူ (၃) ယောက် သေဆုံးခဲ့ပြီး နေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်သာယာမြို့နယ် အမှတ် ၁၁ ရပ်ကွက် အုပ်ကြီး အပစ်ခံရမှုကြောင့် စစ်တပ်က ပိတ်ဆို့စစ်ဆေး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့၊ အမှတ် ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်က လမ်းတွေပိတ်ဆို့ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ဆီက သိရပါတယ်။