မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ မနက်အစောပိုင်းက တမိုက်သားကျေးရွာ သူကြီးအိမ်ရှေ့ အခိုင်အမာတပ်စွဲထားတဲ့ စစ်အုပ်စုတွေကို မြင်းခြံခရိုင်တပ်ရင်း-၃ တပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မြင်းခြံ-ညောင်ဦးလမ်းပိုင်းက အဲ့ဒီနေရာမှာ မြင်းခြံခမရ-၁၅ တပ်က အကြမ်းဖက်စစ်တပ်နဲ့ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်တွေအပါအဝင် အင်အား (၆၀) နီးပါး တပ်စွဲနေတာဖြစ်ပြီး အမျိုးသမီးပြည်သူ့စစ်တွေလည်း ပါဝင်တယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၃ တာဝန်ရှိသူက ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၃) မှထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
မြင်းခြံခရိုင်တပ်ရင်း (၃) မှထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ

တိုက်ပွဲဟာ အချိန် (၁) နာရီခွဲကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း၊  ထိခိုက်ဒဏ်ရာပြင်းထန်သူ ၅ယောက်ရှိကာ မြင်းခြံဆေးရုံပို့ဆောင်လိုက်ကြောင်းနဲ့ ဒဏ်ရာမပြင်းထန်သူ ၃ ယောက်ကိုတော့ ကြာပို့ကျေးရွာ ဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

ကြာပို့ဆေးရုံကို ပို့ဆောင်ချိန်အတွင်း စစ်အုပ်စုက သေနတ်တွေပစ်ဖောက်ရင်း ဆေးရုံနားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်နဲ့ မုန့်ဟင်းခါးဆိုင်ထဲက  လူငယ် ၆ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက မနက်ခင်း ၅ ခွဲလောက် စတယ်။ သူကြီးအိမ်မှာ တပ်စွဲထားတာပေါ့။ ၃ ထပ် တိုက်ကိုမှ ဘန်ကာတွေ အခိုင်အမာဆောက်ထားတာ။ RPG နဲ့လည်းပစ်မရလို့ လက်ပစ်ဗုံးတွေ ပစ်ခဲ့ရတယ်။ မျက်မြင် ၅ ကောင် သေတယ်။ မစိုးရိမ်ရတဲ့ ၃ ကောင်ကိုတော့ ကြာပို့ရွာဆေးရုံကို သွားပို့တယ်။ ထိခိုက်တာက စုစုပေါင်း၈ယောက်ပါ။ ဒဏ်ရာပြင်းတဲ့၅ယောက်ကတော့ မြင်းခြံဆေးရုံပို့ထားပါတယ်။ ကျနော်တို့ကတော့ အထိအခိုက်မရှိ ဆုတ်ခဲ့ပါတယ်။ မြေပြင်အခြေအနေကြောင့် လက်နက်ကောက်မရခဲ့ပါဘူး” လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း (၃) မှထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ
မြင်းခြံခရိုင်တပ်ရင်း (၃) မှထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ

ဒါ့အပြင် စစ်အုပ်စုက မင်းကြိုကျေးရွာအတွင်းက အရပ်သားလူငယ် (၅)ယောက်ကိုလည်း ထပ်မံပြီး ပေါ်တာဆွဲခဲ့ပါသေးတယ်။

“ပေါ်တာဆွဲခံရတဲ့ထဲ အမျိုးသမီးတွေတော့ပါတယ်။ စုစုပေါင်း၁၁ယောက်ကို အမျိုးသားဘယ်လောက်၊ အမျိုးသမီးဘယ်လောက်ပါတယ်တော့ မသိသေးပါဘူး” လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

လက်ရှိမှာ အထိနာသွားတဲ့ စစ်အုပ်စုက အဲ့ဒီတမိုက်သားကျေးရွာတဝိုက် အင်အားဖြည့် စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်း တပ်မ ၃၃က စစ်သားတွေ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၁၂ယောက်သေ၊ အများအပြားဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ တပ်မ ၃၃က ထွက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းအပါအဝင် မိုင်းရှင်းစစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ယောက်သေကာ အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘုတလင်တွင် စစ်သားများ ဗကသ ရုံးခန်းထဲ ဝင်ရောက်သတ်ဖြတ်မှုကြောင့် ဗကသ ရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသ ရဲဘော် ၃ ယောက် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၂၈ ရက်က ဘုတလင်မြို့နယ်မှာ ပြုလုပ်ခဲ့တယ်‌လို့ ဗကသများအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော် ၂ ဦး ပြင်းထန်ဒဏ်ရာရ၊ ဆေးကုသစဥ် ၁ ဦး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Mobye Local PDF က ရဲဘော် ၂ ယောက် အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ၁ ယောက် ကျဆုံးသွားတယ်လို့ Mobye Local PDF က ထုတ်ပြန်ထားပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။