ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၆ ယောက် သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၈ ရက် မနေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ် ကျောက်သံခြေကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့ပြီး ဒေသခံ ၂ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် နေ့လယ် ၂ နာရီခွဲလောက်မှာ ပေါက်တောမြို့နယ် အထက (၁) စာသင်ကျောင်းအနီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၄ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဒါက အာဏာရှင်တွေ လုပ်နေကျ အကွက်တွေပေါ့။ လက်ရှိမှာတော့ ရှောင်တိမ်းနေကြတာတွေလည်း ရှိတယ်။ တချို့လည်း ကြောက်လန့်နေကြတယ်” လို့ ရခိုင်ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ဒေသရှိ ကျေးရွာတွေကို နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ် ပြုလုပ်လာတာဟာ သူတို့ မကြာခင်ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်လို့မရတဲ့နေရာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတာမျိုး ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သံဖြူဇရပ် – ရေးလမ်းမကြီးပေါ်က စစ်တပ်ဂိတ်စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်၊ ၅ ယောက်ထက်မနည်း သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ် - ရေးလမ်းမကြီးပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) - NMSP (AD) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက သမီးဖြစ်သူကို အကျဥ်းချကာ အဖေဖြစ်သူ၏ ရွေးကောက်ပွဲမိန့်ခွန်းသုံးပြီး ပြည်သူကို ခြိမ်းခြောက်နေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်က ထုတ်ပြန်ထားပါတယ်။
Read More

ဇီးတောရွာဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်ပြည်သူ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်း၊ ဇီးတောရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ We Love Myaing အဖွဲ့ထံက သိရပါတယ်။
Read More

ရှင်ပြုပွဲလုပ်မည့်နေအိမ် စက်တပ်လေထီးဖြင့် ဗုံးကြဲခံရ၊ မောင်ရှင်လောင်းနှင့် အလှူ့ဒါယိကာ သားအဖ အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲတိုက်ခိုက်မှုကြောင့် ရှင်ပြုအလှူလုပ်မယ့် မိသားစုထိခိုက်ကာ ၁၂နှစ်အရွယ် ကလေးငယ် ၁ယောက်အပါအဝင် ၃ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ယောက်ရှိခဲ့ကြောင်း Chaung U Revolution ထံက သိရပါတယ်။