စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 နိုဝင်ဘာ ၆ ရက်က ဝက်လက်မြို့နယ် ရွာသာကြီးရွာမှာ အထိုင်ချထားတဲ့ အကြမ်းဖက်စစ်သားတွေ ရွာစဉ်ပတ်မီးရှို့ပြီး ပြန်လာချိန် လမ်းခုလတ်တစ်နေရာမှာ တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၇ ယောက် သေဆုံးပြီး ဝက်လက်မြို့တွင်း အထိုင်စခန်းကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်အတွင်း သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားတွေကို မြောင်းတွေထဲမှာ ဖြစ်သလိုစွန့်ပစ်သွားတာကို တွေ့မြင်ရပါတယ်။

စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းတွေ ဖြန့်ကျက်လှုပ်ရှားနေ‌တဲ့အတွက် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွါးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေရဲ့ ညွန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ တော်လှန်ရေးရဲဘော်တွေဟာ ပြည်သူတွေရဲ့ရှေ့ကနေ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်‌‌နေကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Video –  People’s Servant Revolution – Wetlet

0 Shares:
You May Also Like
Read More

ဆင်ပေါင်ဝဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၈ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုံးမြှောင်ဂိတ်ကနေ ဝါးစေ့မြှောင်ဂိတ်ကိုလာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေဟာ ဧပြီ ၂၃ ရက် ညနေပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ယောက်အပါအဝင် ၈ ယောက်သေခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်

ရွေးကောက်ပွဲက ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ သင့်မဲနှင့် လူသတ်ခွင့်မပေးနှင့်
Read More

အောင်လံတွင် မိုင်းကွင်းစစ်ဆေးရန်လာသည့် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ‌အောင်လံမြို့နယ်အတွင်း ခလရ ၂၁ က အင်အား ၂၀ ဝန်းကျင်နဲ့ မိုင်းကွင်းစစ်ဆေးဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ရာ အများအပြားသေဆုံးခဲ့တယ်လို့ Yoma Fighter Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခမောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါ မျက်မြင် ၈ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီး အပါအဝင် ၈ ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။