မုဒိန်းမှုတွေ ကျူးလွန်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ စိုင်းမျိုးညွှန့်ဦးကို စစ်ကော်မရှင်ရဲ့ ကရင်ပြည်နယ်အစိုးရက ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြင့်လိုက်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်နေ့အခမ်းအနားမှာ စစ်ကော်မရှင် လက်အောက်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက မြဝတီမြို့ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုင်းမျိုးညွန့်ဦး ကို အခြား အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွှေတင်၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး စည်လှိုင်(ခ) စိန်ထွန်းတို့နဲ့အတူ အဆိုပါ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြင့်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

မြဝတီမြို့ခံတွေကတော့ အခုလို ဆုချီးမြင့်ခံရသူတွေဟာ စစ်မှုထမ်းအတွက် လူငယ်တွေကို အများဆုံးဖမ်းဆီးပေးတာကြောင့်ဖြစ်ပြီး စစ်တပ်ရဲ့ လုပ်ဆောင်ခိုင်းတာ မှန်သမျှကို လုပ်ပေးနေတာတွေကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။

“ရှေ့တခေါက် မုဒိန်းမှုကိစ္စ သတင်းထွက်လာတုန်းက BGF က သူတို့ စစ်ဆေးပါမယ် ဘာညာ ဖြစ်လိုက်သေးတာပေါ့။ ဒါပေမယ့်လည်း အစပျောက်သွားတာပဲ။ တကယ်တော့ သူတို့က အချင်းချင်းတွေပဲလေ… နောက်ကွယ်မှာ ပေါင်းစားနေတဲ့သူတွေပဲ” လို့ အမည်မဖော်လိုတဲ့ မြဝတီမြို့ခံတဦးက မောင်းကို ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မဘသအစွန်းရောက် တစ်ဦးလည်းဖြစ်သူ စိုင်းမျိုးညွန့်ဦးက ရဲရင့်ယဉ်ကျေးနာမည်နဲ့ ဓမ္မစကူးအခမဲ့ စာသင်ကျောင်းဖွင့်ကာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေ အပါအဝင် ကျောင်းသူ ၁၀ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ၊ မုဒိန်းကျင့်တာတွေကို ကျူးလွန်ခဲ့သူလည်း ဖြစ်ပါတယ်။

မြို့ခံတွေအနေနဲ့ စိုင်းမျိုးညွန့်ဦးရဲ့ ရာဇဝင်ဇာတ်ကြောင်းကို သိထားကြပေးမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းမွန်သူဖြစ်တာကြောင့် မည်သူကမှ တိုင်ကြားရဲခြင်းမရှိသလို အရေးယူခံရခြင်းလည်း မရှိနေပါဘူး။
0 Shares:
You May Also Like
Read More

လက်ပံတန်းမြို့နယ်ကို စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲလို့ နေအိမ်ပေါ် တည့်တည့်ကျပြီး ပြည်သူ ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မင်းတပ်မှာ စစ်တပ် ထောင်ထားသည့် မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းပြီးဖြစ်၊ ဆက်လက်ရှင်းလင်းရန် ကျန်ရှိနေသေး…

ချင်းပြည်နယ်၊ မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းမျိုးစုံ ၂၀၀၀ ထက်မနည်း သိမ်းဆည်းရှင်းလင်းထားပြီး ရှင်းလင်းဖို့ မိုင်းတွေ ကျန်ရှိနေဆဲဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးပြီး ငွေကြေးတောင်းယူမှုတွေ ပြုလုပ်နေ

ဧရာဝတီတိုင်းထဲက မအူပင်၊ ပန်းတနော်၊ ဓနုဖြူ၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ပုသိမ်မြို့တွေမှာ အကြမ်းဖက်စစ်တပ်က ကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ ဆိုင်ကယ်တွေဆိုရင် လိုင်စင်မရှိရင် အပြီးအပိုင် သိမ်းယူပြီး လူကိုလည်း ထောင်တစ်လ ပြစ်ဒဏ်ချတယ်လို့ သိရပါတယ်။
Read More

တပ်ကုန်းမှာ ရွေးကောက်ပွဲအတုကို လုံခြုံရေးပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး စစ်သား ၃ဦး သေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၃ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရရှိသွားတယ်လို့ PDF Tatkon ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

စတီရီယိုခေတ်ဦးမှာ ကျော်ကြားထင်ရှားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ကွယ်လွန်

နွေ၊ မြခွာညို၊ ဒီဇင်ဘာနံနက်ခင်း၊ စတဲ့ တေးသီချင်းတွေနဲ့အတူ စတီရီယိုခေတ်ဦးမှာ ထင်ရှားကျော်ကြားခဲ့တဲ့ တေးသံရှင် ဗစ်တာခင်ညို ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေနဲ့ ညီဖြစ်သူ တေးသံရှင် တူးတူးတို့က အသိပေးထားပါတယ်။
Read More

ပုလဲ မင်းတိုင်ပင်ရွာ အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၂ ယောက်သေဆုံး

"ပေါင် ၅၀၀ ဗုံးတွေဘာတွေတော့ မဟုတ်ဘူး။ ရော့ကတ်နဲ့ပစ်သွားတာ။ စာသင်ကျောင်းဆောင်တွေလည်း နှစ်ခြမ်းပြိုကုန်တယ်။ သစ်ပင်တွေဆို ထက်ပိုင်းပြတ်တယ်။ အိမ်တွေရောပဲ။ သေတာက ရော့ကတ်ထိပြီးချက်ချင်းသေတာ၁ယောက်၊ သွေးလန့်ပြီးသေတာ ၁ယောက်ပါ" လို့ ဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။