အကြမ်းစစ်တပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲများအတွင်း စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ပြည်သူ ၁၄ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ကနေ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစတင်ကာ တီးတိန်မြို့အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မှရှင်တပ်တွေနဲ့ တော်လှန်ရေးတပ်တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ တီးတိန်-ကလေးလမ်း ဒိမ်လို လမ်းခွဲအနီးမှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရှေ့ဆက် မတိုးနိုင်တော့နဲ့ စစ်ကော်မရှင်တပ်တွေဆီကို ခလရ (၂၆၉) မှ စစ်ကူအင်အား ၈၀ ခန့် ထပ်ပို့လိုက်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဆီက လက်နက်တချို့ နဲ့ ပြည်သူဆီက အဓမ္မချောဆွဲထားတဲ့ မော်တော်ကား ၁ စီးကို ချင်းညီနောင်ကနေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အရောက်မှာ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ဦးအပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်းမှာ စစ်ကော်မရှင်ဘက်မှ အနည်းဆုံး ၄၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ထွက်ပြေးသွားသူတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ချင်းညီနောင်ကနေ အသိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှစပြီး တီးတိန်မြို့ ခလရ (၂၆၉) ကို Mi 17 ရဟက်ယာဉ်နဲ့ အခေါက်ရေ (၂၆) ကြိမ် ဆင်းသက်ကာ စစ်အင်အား (၅၀၀) ခန့်ကို ဆက်တိုက်ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း အခုလို စစ်ကြောင်းထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ချင်းညီနောင်ကနေ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ MSFC ထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFC’s Anti-Sham Election Committee) ကနေ ထုတ်ပြန်လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ပုသိမ်မြို့မဈေးကို ဝင်ရောက်စစ်ဆေးကာ ဈေးရောင်းချိန် ကန့်သတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ မြို့မဈေးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဈေးလာဝယ်တယ်ဆိုပြီး စစ်ကောင်စီတပ်က ဈေးကို ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ ဈေးခေါင်းကိုခေါ်ပြီး ညနေ ၅ နာရီ ဈေးပိတ်ရမယ်လို့ အချိန်ကန့်သတ်လိုက်ကြောင်း သိရပါတယ်။
Read More

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီထံက ကျည်ဆံဖာနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေရရှိ

တိုက်ပွဲဖြစ်ခဲ့တဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှာ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းမှု လုပ်ဆောင်စဉ်အတွင်း စစ်ကောင်စီ ကပစ  ၂၀၂၄ ထုတ်ကျည်ဆံဖာတစ်ခုနဲ့ စစ်သုံးပစ္စည်းတချို့ တွေ့ ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)က  အသိပေးထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်၊ မန်တုံနှင့် မိုင်းငေါ့မြို့နယ်တွင် စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၂) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ရဲစခန်းနဲ့ စစ်ကူလာတဲ့ စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး ၂၂ ယောက်သေ၊ ၁၇ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်အုပ်စုတွေရှိနေတဲ့ ဇဂျမ်းရဲစခန်းနဲ့ စစ်ကူလာတဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က တွဲဖက် ဗိုလ် ၁ယောက် အပါအဝင် ၂၂ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ…(ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ ပြည်ခရိုင်အခြေစိုက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေအတွက် အခြေခံစစ်ပညာသင်တန်းကို ၃ လကြာ သင်တန်းပေးခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။