စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့ အမှတ် (၂) ကျောင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက အရာတော်မြို့အမှတ် (၂) ကျောင်းရှိ အကြမ်းဖက်စစ်တပ်ရဲ့  စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၁၅ မိနစ်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် စခန်းကို ရှင်းလင်းခဲ့ရာ  (၇.၆၂)  ၅၁၁ တောင့်၊ (၅.၅၆) ၄၀၀ တောင့်၊ Icon  ၄လုံး၊ ပိုက်ဆံ ၂၉၄၆၀၀ ကျပ်၊ စစ်သုံးခရာ ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ခမောက်ဝိုင်း ၁ လုံး၊ စစ်သုံးလွယ်အိတ် ၄ လုံး၊  ဆိုင်ကယ် ၃ စီး၊ Equipment ၁ စုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို အရာ‌တော် ပကဖ၊ ဒီပဲယင်း ပကဖနဲ့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ (LDF) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒီပဲယင်းမြို့နယ်

0 Shares:
You May Also Like
Read More

စစ်တပ် ရွေးကောက်ပွဲအတု ပြုလုပ်နေချိန် PDF များ အမြန်လမ်းတွင် စစ်ဆေးရေးလုပ်ခဲ့

အာဏာသိမ်းစစ်တပ်က ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ အတုအယောင် ရွေးကောက်ပွဲ စတင်ကျင်းပနေချိန်အတွင်း PDF ရဲဘော်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ကို တက်ပြီး လုံခြုံရေးစစ်ဆေးမှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ အကြမ်းဖက် စစ်တပ်အထိုင်စခန်းအား ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင်လမ်းခွဲရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းကို Fixed Wings Drone နဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force MDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်ကို လမ်းဖောက်မယ်

ရန်ကုန် PDF နဲ့ ရန်ကုန် ပကဖ တို့ အတူတကွ ဟန်ချက်ညီညီ ဆောင်ရွက်ကြမယ့် ရန်ကုန်သို့ လျှောက်သောလမ်း "Road to Rangoon" Campaign ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ စတင်တော့မှာဖြစ်ပါတယ်။ 
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖာပွန်မြို့၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က စစ်တပ်မိသားစုဝင်များကို လူသားတံတိုင်းပြုလုပ်နေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာချုပ်-စဗခ ၁ တပ်အတွင်း စစ်တပ်က စစ်တပ်မိသားစုဝင် ၂၀၀ ခန့်ကို သေနတ်ပစ်သင်ပေးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။