တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေ အပါအဝင် အကြမ်းဖက်စစ်သား ၈ယောက် မျက်မြင်သေဆုံးကာ အလောင်း ၁၈လောင်းကိုလည်း မီးရှို့ထားခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ရက်နေ့က ကော့သောင်းခရိုင်၊ ခမောက်ကြီးတပ်နယ်ကနေ ထွက်လာတဲ့ အင်အား (၈၀)ကျော်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ခမောက်ကြီးမြို့နယ်ထဲက လေးရွာနဲ့ အထူးဇုံဖြတ်လမ်းဆီ  စစ်ကြောင်းထိုးဝင်ရောက်ချိန် တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အကြမ်းဖက်စစ်ကြောင်းကို ကော်သူးလေတပ်မတော် (KTLA) ဗိုလ်ချုပ်မြ အထူးတပ်ရင်းနဲ့အတူ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲဟာ ၃နာရီကျော် ကြာမြင့်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတွေအပါ ၈ယောက် မျက်မြင်သေဆုံးခဲ့ကြောင်း ပြောပါတယ်။

“၈ ကောင်သေတာက ရဲဘော်တွေ ကိုယ်တိုင်မျက်မြင်ပါ။ အလောင်းတွေ မီးရှို့ထားခဲ့တာတော့ သတင်းပြန်ရတာပေါ့။” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကျားကြီးက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ရုပ်ပျက်ဆင်းပျက် သေဆုံးထားတဲ့ အကြမ်းဖက်စစ်သား အလောင်း ၁၈လောင်းကို စစ်အုပ်စုက လေးရွာစာသင်ကျောင်းအနီးမှာ မီးရှို့ထားခဲ့သလို ထိခိုက်ဒဏ်ရာရသူ ၂၇ယောက်ကိုလည်း ကော့သောင်းဆေးရုံ၊ တပ်ဆေးရုံတွေအပြင် ထိုင်းနိုင်ငံဘက်ခြမ်း၊ ရနောင်းမြို့ဆေးရုံအထိပါ ပို့ဆောင်ကုသပေးနေရကြောင်း ကော့သောင်းခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်ကလည်း ၂ယောက် ကျဆုံးခဲ့ပြီး ၁ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရပါတယ်။

“ကျတာက ကော့သူလေး အာမီက တစ်ယောက်ရယ် ဘုတ်ပြင်း (ပကဖ) က တစ်ယောက်ပါ။ ထိခိုက်ဒဏ်ရာရတာကလည်း ဘုတ်ပြင်း ပကဖ ကပါပဲ။ စခဘက်သေတဲ့ ဗိုလ်တွေကတော့ ဘယ်တပ်ကလဲဆိုတာ အတိအကျမသိရသေးဘူး။ နာရေးလုပ်နေတာတော့ ခမောက်ကြီး ၄၅မိုင်နားက တပ်မှာလို့ သိရပါတယ်။”လို့ ကော့သောင်းခရိုင် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကျားကြီးက မောင်းကိုပြောပါတယ်။

ကော့သောင်းခရိုင်ပကဖကတော့ ကော့သောင်းခရိုင်အတွင်း စစ်ရေးအရှိန်မြင့်လာနိုင်ဖို့ရှိတာကြောင့်  တော်လှန်ရေးအဖွဲ့တွေ ထုတ်ပြန်ထားတာတွေကို အရပ်သားတွေဘက်က လေးစားလိုက်နာပြီး စစ်ရေးအသိ၊ စစ်ရေးသတိအမြဲရှိကြဖို့ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ရွှေနှင့် ပင်လောင်းကို ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ၈၀ ထက်မနည်း တိုက်ခိုက်ခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနဲ့ ပင်လောင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူအဖြစ်မှ ဦးကျော်ဇော် အနားယူ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်…

မြန်မာပြည်သူတွေ မြန်မာနှစ်သစ်မှသည် အားလုံး သာကြပါစေ၊ မာကြပါစေကြောင်း၊ သဘာဝဘေး၊ လူလုပ်ဘေးအပေါင်းမှလည်း ကင်းဝေးကြပါစေကြောင်း မန္တလေးမြို့ တော်လှန်လူငယ်တွေက ဆုတောင်းရင်း နှစ်သစ်ကူး တော်လှန်လူထု လှုပ်ရှားမှုတစ်ရပ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ဖော်ဆောင်ခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စုဂိတ်စခန်းတစ်ခုအား ဒရုန်း ၁၀ စီးဖြင့် တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ပျူစောထီး‌ခေါင်းဆောင် သီတာယုမွန် လက်အောက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာ-အရာတော်လမ်းပိုင်းမှာ စစ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၉ ယောက် သေပြီး ၇ ယောက် အရှင်ဖမ်းမိ၊ ခဲယမ်းအများအပြားနဲ့ ကားကြီး ၅ စီး သိမ်းဆည်း ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း - ရောင်နီတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဥ် ၅၆ ခု ကျူးလွန်ကာ အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။