၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန် စတုတ္ထပတ်အထိ စစ်ကော်မရှင်တပ်ကနေ အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချ စစ်သုံ့ပန်းအရေအတွက် ၂၂၄၆ ယောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်ထံက သိရပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ အချက်အလက်တွေအရ အောင်တိုဘာလ နောက်ဆုံးအပတ်ထဲမှာပဲ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စစ်ကော်မရှင်အဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာသူထဲမှာ စစ်သား ၁ ယောက်၊ စစ်မှုထမ်းတပ်သား ၄ ယောက်၊ စစ်သုံပန်းအဖြစ် ဖမ်းဆီးရမိသူတွေကတော့ ၁၀ယောက် ရှိကြောင်း သိရပါတယ်။

“ဒီစာရင်းကတော့ အောက်တိုဘာလ နောက်ဆုံးပတ် တပတ်စာ စာရင်းပေါ့နော်။ လချုပ်တွေကို ပြန်ယှဉ်ကြည့်ရင် အရင်တွေနဲ့ ယှဉ်ကြည့်ရင် အများကြီးတိုးလာတာလည်း မရှိသလို အများကြီး လျော့သွားတာလည်း မရှိပါဘူး။ တစ်လစာချင်း ယှဉ်ကြည့်ရင်တော့ အရင်လနဲ့ အရမ်းမကွာဘူး၊ အပတ်စဉ်ကတော့ အတိုးအလျော့ ပုံမှန် ပြောင်းနေတာပဲ” လို့ ပြည်သူ့ပန်းတိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကော်မရှင်ရဲ့ အောက်ခြေစစ်သားတွေ အနာဂတ်ဟာ တိုက်ပွဲတွေနဲ့အတူ မှုန်ဝါးပျောက်ကွယ်နေဆဲမို့ အလင်းဝင်၊ လက်နက်ချခြင်းကသာ ကိုယ့်ငြိမ်းချမ်းရေး ကိုယ်ရှာယူနိုင်ကြမယ့် တခုတည်းသောလမ်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

အခုထုတ်ပြန်ထားတဲ့ စာရင်းတွေဟာ အလင်းဝင်လာသူ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းမိသူနဲ့ လက်နက်ချသူတွေရဲ့ စာရင်းကိုသာ ကောက်ယူထားတာဖြစ်ပြီး စစ်တပ်ကနေ ထွက်ပြေးသွားသူတွေလိုမျိုး လက်လှမ်းမမှီတဲ့ တပ်ပြေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြည်သူ့ပန်းတိုင်ဟာ အလင်းဝင်လာသူတွေကို နွေးထွေးစွာကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ရေးအတွက် လစဉ် သင်တန်းပို့ချပေးနေတဲ့ အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ ပြည်သူ့ပန်းတိုင်အနေနဲ့ ပေါင်းစည်းလမ်းသက်မွေးဌာနကနေ ဒီဘက်ပြောင်းလာသူတွေ၊ ခိုလှုံသူတွေပေါ့နော် CDM တွေရှိမယ်… တပ်မိသားစုဝင်တွေရှိမယ်… စစ်မှုထမ်းတပ်သားသစ်တွေရှိမယ်…. သူတို့တွေအတွက် လစဉ် သက်မွေးပညာတွေ ပို့ချနေတာရှိပါတယ်။ ဥပမာ- ယောက်ျားလေးဆို စက်ပြင်တာ၊ ဖုန်းပြင်တာ၊ မိန်းကလေးဆို အပ်ချုပ်တာ၊ ဂျပ်ခုတ်တာ စတာတွေပေါ့နော် ဘဝရပ်တည်ရေးအတွက် သက်မွေးပညာတွေ သင်ကြားနေတာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

DJ Violet နှင့် မန်နေဂျာအပါ လူ၅ဦးကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှုဖြင့် စစ်အုပ်စုအရေးယူထား၊ နိုင်ငံတဝန်း ဘုရားကျောင်းကန်များကို ဖျက်ဆီးနေသူများက ဗုဒ္ဓဘာသာကိုခုတုံးလုပ် အာဏာပြအရေးယူမှုဟု ဝေဖန်နေကြ

ကလပ်အတွင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ"သီချင်းကို DJ တီးခတ်ဖျော်​ဖြေခဲ့တဲ့ DJ Violet နဲ့ မန်​နေဂျာဖြစ်သူ အပါ Cover Club တာဝန်ရှိသူတွေကို ဗုဒ္ဓဘာသာအပေါ် အကြည်ညိုပျက်အောင်ပြုလုပ်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက်တချို့ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်၊ ကောင်းမှုကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
Read More

မိုးကုတ်နှင့် သပိတ်ကျင်းကို စစ်ကြောင်းထိုးသည့် အထိုင်စခန်းတစ်ခုဖြစ်သော တကက ၁၃ သင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ဦး သေပြီး သင်တန်းဆောင်များ မီး​လောင်ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံနေတဲ့ မဟာမိတ်အင်အားစုတွေအတွက် အားဖြည့်ကူညီလုပ်ဆောင်ပေးတာဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့အဖွဲ့တွေက ပြောပါတယ်။
Read More

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးက ရိုးရာ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီက လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စက်ရုံထိခိုက်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။