ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက် မနေ့က ည ၁၀ နာရီခွဲလောက်မှာ သေနတ်သံတွေ ကြားခဲ့ရပြီး နိုဝင်ဘာ ၆ ရက် ဒီနေ့မနက်မှာတော့ အမည်မသိ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို မရှီကထောင်ရပ်ကွက်မှာတစ်လောင်း၊ ယူမာကျေးရွာမှာတစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ် ။

“ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ယူမာကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်မှာ သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းကိုတွေ့တာပါ၊ အဲဒီဘက်အများစုက စစ်ကော်မရှင်နေရာယူထားတဲ့နေရာပါ” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ အမျိုးသား ၂ ယောက်ဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိရသလို ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ ဖြစ်တဲ့အတွက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုး မရှိပေမယ့် ညဘက်တွေမှာတော့ ပစ်ခတ်သံအချို့ ကြားရတတ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကော်မရှင်တပ် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့က ဖားကန့်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါသေးတယ်။

0 Shares:
You May Also Like
Read More

“ရန်ကုန်အဝင် ချပ်ဝတ်ဆင်” မှ ရရှိသည့် စစ်ဝတ်တန်ဆာများကို ရှေ့တန်းရဲဘော်များထံ သွားရောက်တပ်ဆင်ပေး

"ရန်ကုန်အဝင် ချပ်ဝတ်ဆင်” ကျည်ကာကမ်ပိန်းကတဆင့် တော်လှန်ပြည်သူတွေရဲ့ ထောက်ပို့ငွေတွေနဲ့ ဝယ်ယူထားတဲ့ VEST ၊ ကျည်ကာ၊ ဦးထုပ် အစုံရေ (၅၀) ကို ရှေ့တန်းရဲဘော်တွေဆီ သွားရောက်တပ်ဆင်ပေးခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ၁ က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသူ အယောက် ၁၀၀၀ ကို ကမ်းရိုးတန်း ဘတ်တံဆိပ်တွေတပ်ပေးပြီး ရှေ့တန်းပို့

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ မတရားစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရတဲ့ တပ်သားသစ် အယောက် ၁၀၀၀ ကို ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေဆီ ပို့လိုက်တယ်လို့ နတခ နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဖားကန့်နယ်ရှိ မှော်စီစာလမ်းဆုံထောင့်မှာ အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများကို အမည်မသိအဖွဲ့တစ်ခု လာရောက်စွန့်ပစ်သွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ၊ မှော်စီစာလမ်းဆုံတောင့်မှာ အမျိုးသား ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို အမည်မသိအဖွဲ့တစ်ခုက လာရောက်စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့ရှိ ဆေးပေးခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ‌‌‌၂ ဦး ဒဏ်ရာရပြီး ဆေးခန်း အဆောက်အအုံနှင့် မော်တော်ယာဉ်ပျက်စီး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်သားဆေးခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ‌‌‌၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ပါတယ်။
Read More

သယံဇာတစီမံအုပ်ချုပ်မှု ပဋိပက္ခလျှော့ချရေးအတွက် တရားမဝင်ထုတ်လုပ်မှု တားမြစ်ခြင်းနှင့် အခွန်ကောက်ယူမှု NUG ယာယီရပ်ဆိုင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ CDM ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကို အလေးထားပြီး သစ်တောသယံဇာတ စီမံအုပ်ချုပ်မှာ ပဋိပက္ခတွေ လျှော့ချရေးအတွက် တရားမဝင်ထုတ်လုပ်သယ်ဆောင်မှုကို တားမြစ်ခြင်းနဲ့ အခွန်ကောက်ယူမှု ယာယီရပ်ဆိုင်းမယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။