စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ အထက်တန်းကျောင်းရှေ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်ကို ပကဖ နဲ့ LDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာ ထွက်ပြေးကုန်ကြတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်၊ မနက်အစောပိုင်းက အရာတော်မြို့မြောက်ဘက်၊ အမှတ် (၂) အထက်တန်းကျောင်းရှေ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို ပကဖ နဲ့ LDF တပ်ဖွဲ့ဝင်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိသလို ကျောင်းအနောက်ဘက်ဆီ ဆုတ်ခွာထွက်ပြေးသွားကြတာကြောင့် တော်လှန်ရေးတပ်တွေက ဂိတ်ကိုဝင်စီးပြီး စစ်အုပ်စုပိုင် ပစ္စည်းတချို့ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပကဖတာဝန်ခံ ရဲဘော် သော်က က စီစဥ်ပြီး အရာတော်မြို့နယ် ပကဖ ရဲဘော် မိုက်တီး ဦးစီးတဲ့ အရာတော်မြို့နယ် ပကဖ အပါအဝင် ဒီပဲယင်းမြို့နယ် ပကဖနဲ့ ကျားသစ်နက် LDF ပူးပေါင်းတပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

“အလစ်အငိုက်ဝင်တိုက်တာပါ။ မိနစ် ၂၀ လောက်ပဲ ကြာမယ်။ စခတ ၁၀ နဲ့ ၁၀ မိနစ်လောက်ပဲ လာရတယ်ပေါ့နော်။ ထိုင်တာကလည်း အဲ့ကကောင်တွေပါ။ တခါတလေ ရဲတွေလာထိုင်တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမျိုးမရှိပေမယ့် စခဘက်က ၁ ကောင် ဆေးရုံရောက်တယ်။ အတိအကျကတော့ စိစစ်နေဆဲပါ။ ဒီကောင်တွေပြေးတာက ကျောင်းအနောက်ဘက် မိုင်းတွေထောင်ထားတဲ့ဆီကိုပါ။ အဲ့မှာသူတို့စခန်းရှိတယ်” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိသည့် ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ

တိုက်ပွဲအတွင်း လက်နက်ငယ်တွေအပြင် လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ပကဖအသံက ထုတ်ပြန်ထားပါတယ်။

ဂိတ်စခန်းကို ဝင်ရောက်ရှင်းလင်းချိန်မှာတော့ ၇.၆၂ ကျည် ၅၁၁ တောင့်၊ ၅.၅၆ ကျည် ၄၀၀ တောင့်၊ Icon ၄ လုံး၊ ပိုက်ဆံ ၂ သိန်း ၉ သောင်း ၄ ထောင့် ၆ ရာကျပ်၊ စစ်သုံးခရာ ၁ လုံး၊ ကျည်ကာဦးထုပ် ၁ လုံး၊ ခမောက်ဝိုင်း ၁ လုံး၊ စစ်သုံးလွယ်အိတ် ၄ လုံး၊ ကပ်ကြေး ၁ လက်၊ ဓားတို ၂ လက်၊ ဆိုင်ကယ် ၃ စီး၊ Equipment ၁ စုံနဲ့ အဝတ်အစား ၃ စုံကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကူရောက်လာနိုင်တဲ့ စခတ ၁၀ နဲ့ တကရ ၅၀၀၄ တပ်တွေကိုလည်း ပကဖ တပ်တွေက ဖြတ်တောက်ခဲ့သေးတယ်လို့ သိရပါတယ်။

“မြို့ပေါ်က ပြည်သူတွေအနေနဲ့ စစ်ရေးကို ဂရုစိုက်ပေးစေချင်တယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖော်ဆောင်ရင် ပြည်သူတွေ ထိခိုက်မှုမရှိရအောင် အတတ်နိုင်ဆုံးလုပ်မှာပါ။ အဲ့တော့ စစ်ရေးသတိနဲ့နေပြီး ကျနော်တို့စစ်ရေးသတင်းကို နားစွင့်ပေးပါ။ ပူးပေါင်းပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသ လက်ရုံးအထူးတပ်ဖွဲ့ အပတ်စဉ် (၇) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့  P29999- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ရဲ့ အပတ်စဥ် (၇)သင်တန်းဆင်းပွဲကို  ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးတွင် အုပ်ကြီးနှင့် ပျူများ ရောက်နေချိန် ပြောက်ကျား ၂ ဖွဲ့ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ်ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေ၊ မိုင်းတွေနဲ့ သွားရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လေယာဥ် ဗုံးသီးတွေထုတ်လုပ်ရာ ကပစ၂၁ ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်၊ အရာရှိစစ်သည် ၉ယောက်သေပြီး ဗုံးသီးထုတ် ဂိုဒေါင်တွေ ထိခိုက်ပျက်စီး

အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးအင်အား​စုတွေကို ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဥ်ဗုံးသီးတွေ အချောသတ်ထုတ်လုပ်ရာ ကပစ ၂၁ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီ အရာရှိစစ်သည် ၉ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အထူးတိုင်းစစ်ဌာန၏ အခြေခံဆက်သွယ်ရေးသင်တန်း (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံ ဆက်သွယ်ရေး သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ရက်က အထူးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေမှာ ပြုလုပ်ခဲ့ကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ ဝက်သဲကုန်းရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။