အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်ကော်မရှင်တပ်က ကရင်နီပြည်နယ်မှာ ပြည်သူတွေနဲ့ စစ်ရှောင်တွေ စိုက်ပျိုးသီးနှံ မရိတ်သိမ်းနိုင်စေဖို့၊ စားနပ်ရိက္ခာ ပြတ်လပ်စေဖို့ ရည်ရွယ်ချက်နဲ့အတူ စိုက်ကွင်းတွေကို လက်နက်ကြီးပစ်ခတ်တာ၊ စိုက်ပျိုးသီးနှံ ရိတ်သိမ်းနေတဲ့ ပြည်သူတွေကို ဒရုန်းနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်း စိုက်ပျိုးရေး ဧရိယာတွေကို အင်အားအလုံးအရင်းနဲ့ ဦးတည် စစ်ကြောင်းထိုးမှုကြောင့် သီးနှံ စိုက်ပျိုးမှုတွေ လျော့နည်းလာပြီး လုံခြုံရေးအန္တရာယ်ကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို မရိတ်သိမ်းနိုင်တဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။



စပါးရိတ် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခံရခြင်း၊ လူမဆန်စွာ နှိပ်စက်ခံရခြင်းတွေကြောင့် ပြည်သူတွေအနေနဲ့ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းဖို့ အသက်လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေရပြီး မိသားစုဝမ်းရေးအတွက် စိုးရိမ်ကြောင့်ကြမှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရ လမ်းကြောင်းတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေ ဝင်ငွေရရှိမှု ရပ်တန့်ခြင်း၊ မိသားစု စားဝတ်နေရေးအတွက် စိန်ခေါ်မှုတွေ ရင်ဆိုင်ရခြင်းနဲ့အတူ ကရင်နီဒေသမှာ ရှေ့လျှောက် အငတ်ဘေး ကြုံတွေ့လာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းယု (၁၀၅)မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သက်တမ်းကုန်နေသည့် ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးမှု ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု(၁၀၅) မိုင်မှာ တအာင်းတပ်မတော်(TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့က သက်တမ်းကုန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို စစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့ TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရုပ်ရှင်အစည်းအရုံးဝင်နှင့် အစည်းအရုံးဝင်ဖြစ်ဖို့ လျှောက်ထားသူများကိုသာ ရုပ်ရှင်ရိုက်ခွင့်၊ ဆင်ဆာကြည့်ခွင့်များ ပေးတော့မည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များအဖြစ် လျှောက်ထားဆဲသူများ ပါဝင်တဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတင်ဆက်မှုတွေကိုသာ ရိုက်ကူးခွင့်၊ ဆင်ဆာကြည့်ရှုခွင့်တွေ ပေးတော့မှာဖြစ်ကြောင်း အကြမ်းဖက်စစ်တပ် လက်ဝေခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သြဂုတ်လ ၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

စလင်းမြို့တွင် Grade 10 ကျောင်းသူကို Grade 12 ကျောင်းသား ၃ဦး အဓမ္မပြုကျင့်ကာ ဗီဒီယိုဖြန့်၊ သိန်း ၇၀၀ ဖြင့် ကျေအေးပေးဖို့ ညှိနှိုင်းနေ

မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မယ်သမီခီး(ထီးခီး)ကျေးရွာကို ဂျက်ဖိုင်တာလေယာဉ်နဲ့ စစ်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မယ်သမီခီး (ထီးခီး) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီမနက်မှာ ဂျက်ဖိုက်တာနဲ့ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးရာနယ်မြေတွေမှာ ရေဘေးသင့်ပြည်သူတွေကို NUG အစိုးရက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် စက်တင်ဘာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူတွေက သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစုတို့ ဘုံသဘောတူညီချက် ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။