ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ တစ်နိုင်ငံလုံးနည်းတူ တန်ဆောင်မုန်းလ မုန့်ဖိုးတွေ ပံ့သကူ ပစ်ရင်း စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မင်းလှမြို့ပေါ်က ရပ်ကွက်တွေထဲ လမ်းတွေပေါ်မှာ ပံ့သကူပစ်ရင်း အကြမ်းဖက်စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်လှုပ်ရှားမှုအဖြစ် ပြည်သူတွေကိုယ်စား လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပံ့သကူ မုန့်ဖိုးနဲ့အတူ “သင့်မဲဖြင့် တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ဖက်ဆစ်ရွေးကောက် ခွေးတိုးပေါက် မဲမပေးနဲ့ သပိတ်မှောက်” ၊ “အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ ဆန့်ကျင်ကြ” စတဲ့ စာသားတွေကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျုံဒိုးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့…

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး နေအိမ် (၁) လုံးနဲ့ ကွမ်းခြံတစ်ခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ကာကွယ်ရေးနှင့် တော်လှန်ရေးအတွက် တပ်ဖွဲ့နှင့် ကင်းကွာနေသည့် ရဲဘော်များ ပြန်လည်လက်တွဲရန် မိုးကုတ်ဗျူဟာ ဖိတ်ခေါ်

မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။
Read More

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်းထိစပ်နေတဲ့ နေရာက ဒေသခံတွေကို ပြောင်းရွှေ့ဖို့ အကြမ်းဖက်စစ်တပ် ဖိအားပေးနေ

ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။
Read More

ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ BGF နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကုန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ ပန်ဝါမြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီးငယ် ၅၀၀ ကျော်နဲ့ ခဲယမ်းများစွာ ရရှိ

ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့အနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ ရင်းမှူး ရိုက်နှက်၊ ချုပ်နှောင်၊ အဓမ္မပြုကျင့်သည် ဆိုတဲ့ကိစ္စ တပ်ရင်းဘက်မှ ငြင်းဆို၊ PDF ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့အတွက် ပြန်လည်တရားစွဲမည်ဟု ဆို

စစ်ကိုင်းတိုင်း၊ အေးကုန်းရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ယင်းမာပင်ခရိုင် တပ်ရင်း -၂၆ ရဲ့ တပ်ရင်းမှူးက ဖမ်းဆီးရိုက်နှက်၊ ချုပ်နှောင်ပြီး အဓမ္မပြုကျင့်တယ်လို့ သတင်းတွေ ထွက်‌ပေါ်နေပေမယ့် အဆိုပါ တပ်ရင်းဘက်က တာဝန်ရှိသူတစ်ယောက်ကတော့ ဒါတွေက မဟုတ်မမှန်ဘူးလို့ မောင်းကို ပြောပါတယ်။
Read More

မယ်ဇလီ-ဆည်တော် ကြိုးတံတားက ဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ယောက် သေ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက မယ်ဇလီ-ဆည်တော် ကြိုးတံတားက စစ်ကောင်စီဂိတ်စခန်းအပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။