မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်အတွင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို တိုက်ခိုက်ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Special Task Force ngazun က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၄ ရက် မနေ့ မနက်ပိုင်းက ငါန်းဇွန်မြို့ မြို့သာစျေး‌မြောက်ဘက်လမ်းအတိုင်း အရက်ဝယ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ကို မီတာ ၂၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၃ ယောက်ထဲက ၂ ယောက် သေဆုံးပြီး ၁ ယောက်က ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ရဲစခန်းထဲကနေ အရက်ထွက်ဝယ်တာကို မီတာ ၂၀ အကွာကနေ ပစ်ခတ်ခဲ့တာပါ။ သူတို့အလစ်ငိုက် စွန့်စားရတာပေါ့ဗျာ။ သေနတ်တော့ ကောက်ချိန်မရခဲ့ဘူး” လို့ Special Task Force (NGAZUN) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Special Task Force ngazun က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Special Task Force ngazun

0 Shares:
You May Also Like
Read More

ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်း၊ စစ်ကြောင်းများကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၅ ဦး သေပြီး ပျူ ၂ ဦး ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို  ရှေ့ထွက်တစ်ဖက်ဖွင့် မိုင်းပွိုင့်နဲ့ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း Area 71 PDF Monywa က အသိပေးထုတ်ပြန်ပါတယ်။
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ရေးအသာစီးရနေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထားတဲ့ ဗန်းမော်မြို့နယ်ရှိ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်း ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ အမှတ် ၅၀၁၄ တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နဲ့ ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။