စစ်ကိုင်းတိုင်းအတွင်း အောက်တိုဘာလအစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၁၈ နှစ်အောက် ကလေး ၁၁ ယောက် အပါအဝင် ပြည်သူ ၃၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၅ ရက် ဒီနေ့အထိ စစ်ကိုင်းတိုင်းမှာ စစ်ကော်မရှင်တပ်ကြောင့် အမျိုးသမီး ၉ ယောက်နဲ့ အမျိုးသား အယောက် ၃၀၊ စုစုပေါင်း ၃၉ ယောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ၁၈ နှစ်အောက် ကလေး ၁၁ယောက် ပါဝင်တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၃၉ ယောက်ထဲက ၂၆ ယောက်ဟာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး နောက်ထပ်သေဆုံးသူ ၃၈ ယောက်ရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းကာ အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စုရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းဦးမြို့နယ် ငါးလုံးတင်ရွာက မသိမ့်သိမ့်အောင် (ခ) ညိုချော နဲ့ မယွန်းမီမီခိုင်တို့ ၂ ယောက် သေဆုံးခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအစကနေ ဒီနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ရက်အထိ အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၄၄၄) ယောက် သေဆုံးခဲ့တယ်လို့ AAPP ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)…
Read More

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးရဲဘော် ၂ ဦး၏ စျာပနအခမ်းအနား…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း ရရှိခဲ့တဲ့ဒဏ်ရာနဲ့ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ်(၈၀၅)တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

နတ်မောက်တွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ခိုက်

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်စစ်ကြောင်း ကစဉ့်ကလျားဖြစ်ပြီး ဦးတည်ချက်ပြောင်းသွားခဲ့ကြောင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကို ပြောပါတယ်။
Read More

DKBA ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်များ ဝင်ရောက်စီးနင်း၊ လက်နက်များစွာ သိမ်းဆည်းရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ရုံကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းရာ DKBA တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်များစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဘီးလင်းအနီးက ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၁၇ လုံး ပျက်စီး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာနဲ့ ဘုန်းကြီးကျောင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရာမညမွန်တပ်တော်၏ (Sniper)စနိုက်ဘာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနား…

မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် (NMSP-AD/ RMA) ရဲ့ စနိုက်ဘာသင်တန်း အပတ်စဉ် (၁)သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ (၂၉)ရက် မနေ့က လွတ်‌မြောက်နယ်‌မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။