မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်၊ မနေ့က မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်၊ မြို့သာအရှေ့ရွာရဲစခန်းကနေ စျေးမြောက်ဘက်လမ်းအတိုင်း အရက်ဝယ်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသင့်စောင့်ပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် နေရာမှာတင် အကြမ်းဖက်စစ်သား ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ၁ယောက်လည်း ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက ပြောပါတယ်။

“ရဲစခန်းထဲကနေ အရက်ထွက်ဝယ်တာကို မီတာ ၂၀ အကွာကနေ ပစ်ခတ်ခဲ့တာပါ။ သူတို့အလစ်ငိုက် စွန့်စားရတာပေါ့ဗျာ။ သေနတ်တော့ ကောက်ချိန်မရခဲ့ဘူး” လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာ မြို့သာစျေးအတွင်းနဲ့ ရဲစခန်းထဲမှာရှိနေတဲ့ အကြမ်းဖက်စစ်ကူတွေ ရောက်လာတာကြောင့် အထိအခိုက်မရှိ ဆုတ်ခွာခဲ့ရကြောင်းနဲ့ စစ်အုပ်စုက ၆၀ မမ ပစ်ခတ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ရက်နေ့တုန်းကလည်း မြို့သာစျေးမြောက်ဘက်ထောင့်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့လုပ်နေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို Special_Task_Force (NGAZUN) တပ်ဖွဲ့ဝင်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာမှာ စစ်အုပ်စုက ၂ ယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့ပေါင်း ၈၀ ကျော် လက်လွှတ်ထားရသည့် စစ်ခေါင်းဆောင် သူ့စစ်တပ်ကို စစ်ပွဲမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုကြဖို့ မှာကြား

စစ်ကောင်စီရဲ့ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝဖို့ လိုအပ်ပြီး စစ်ပွဲတွေမှာ အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ဖို့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မုံရွာတွင် ပြည်သူကို ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ တိုက်ခိုက်ခံရ၊ ၃ ဦး သေဆုံး

မုံရွာမှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုနှင့် မိုးကုတ်မြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ဦး သေပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်နေတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။