စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂ ရက်က ချောင်းဦးမြို့အဝင် မုံရွာ- မန်းလေး – ပခုက္ကူလမ်းဆုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကိုအာကာထွန်း ခေါ်  ရဲဘော် ကြံဝေ  ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော် ကြံဝေဟာ နိုင်ငံနဲ့ ပြည်သူအတွက် ရဲရင့်စွာ စွန့်လွှတ်စွန့်စားမှုအတွက် အမြဲ အောက်မေ့ ဂုဏ်ယူလျက် မပြီးသေးတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး တာဝန်တွေကို ကျန်ရစ်သူ ရဲဘော်ရဲဘက်တွေက ဆက်လက် ထမ်းဆောင်သွားမယ်လို့ ကတိသစ္စာပြုကြောင်း လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ က ထုတ်ပြန်ထားပါတယ်။

Video – လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃

0 Shares:
You May Also Like
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ ရေကြီး‌ရေလျှံမှုကြောင့် နေအိမ်အချို့ပျက်စီးကာ လမ်းအက်ကွဲမှုများ ဖြစ်ပေါ်နေ (ရုပ်/သံ)

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ ဇွန်လ ၂၆ ရက်နဲ့ ဒီနေ့ ဇွန်လ ၂၇ ရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖာပွန်မြို့၊ ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်က စစ်တပ်မိသားစုဝင်များကို လူသားတံတိုင်းပြုလုပ်နေ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာချုပ်-စဗခ ၁ တပ်အတွင်း စစ်တပ်က စစ်တပ်မိသားစုဝင် ၂၀၀ ခန့်ကို သေနတ်ပစ်သင်ပေးကာ လူသားဒိုင်းကာ အဖြစ် အသုံးပြုပြီး ခုခံနေတယ်လို့ သိရပါတယ်။
Read More

ပင်လယ်နက်တွင် ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရုရှား ရေငုပ်သင်္ဘောကို ရေအောက်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထုတ်ပြန် (ရုပ်/သံ)

ပင်လယ်နက်ရှိ Novorossiysk ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ ရုရှားရဲ့ ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိ ရေငုပ်သင်္ဘော ၁ စီးကို ရေအောက်အသေခံဒရုန်း အသုံးပြုပြီး တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းထောက်လှမ်းရေး (SBU) မှာ ရုပ်သံဖိုင်နဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ ထားထက်ထက် တိုက်တွန်း(ရုပ်/သံ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်စေရေး Speak Out လုပ်ပေးကြဖို့ တော်လှန်အနုပညာရှင် ထားထက်ထက်က တိုက်တွန်းလိုက်ပါတယ်။
Read More

ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ထွန်းသာကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၆ ရက် နေ့လယ်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ 925 ပြောက်ကျားအဖွဲ့(ငါန်းဇွန်)ထံက သိရပါတယ်။