ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု အထိုင်ချရာနေရာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း ရဲစခန်းမှူးနေအိမ်နဲ့ ဗိုလ်တဲစခန်းတွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၃ ရက်၊ မနေ့မနက်အစောပိုင်းက နတ်တလင်းမြို့နယ်၊ ကံစုရွာ၊ တာဂွလမ်းဆုံမှာရှိတဲ့ တောင်ညို ရဲစခန်း အကြမ်းဖက်စခန်းမှူးနေအိမ်နဲ့ ကင်းပုန်းဝပ်ဗိုလ်တဲတို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလိုလုပ်ဆောင်နေချိန် တဆက်တည်းမှာပဲ မင်းဘူးကျွန်းအောက်စုရွာ ဘုန်းကြီးကျောင်းနားမှာရှိတဲ့ ပျူစောထီးစခန်းကိုပါ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

အကြမ်းဖက်စခန်းမှူး နေအိမ်နှင့် ဗိုလ်တဲကုန်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးနေစဥ်

ဒါ့အပြင် တော်လှန်ရေးတပ်တွေက အကြမ်းဖက်စခန်းမှူးနေအိမ်ကို ဝင်ရောက် မီးရှို့ဖျက်ဆီးချိန် တောင်ညို ရဲစခန်းကနေ စစ်ကူထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ရဲတွေကိုလည်း ရွာသင်္ချိုင်းအရောက်မှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က ၁ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“ကျနော်တို့တွေ မနက် ၅နာရီ ၁၅မိနစ်လောက်မှာ တောင်ညိုရဲစခန်းရဲ့ စခန်းမှူး အိမ်ကို သွားတယ်။ သူရှိနေရင် ရှင်းဖို့ဆိုပေမယ့် ဟိုရောက်တော့ ဘယ်သူမှမရှိတာနဲ့ မီးရှို့ဖျက်ဆီးလိုက်တယ်။ နောက်ပြီး သူတို့တွေစစ်ကြောင်းထိုးရင် နားတဲ့ ဗိုလ်တဲပါ ပါတယ်ပေါ့။ အဲ့ဒါနဲ့ တချိန်တည်းမှာပဲ စစ်ကူလာလောက်တဲ့ မင်းဘူးကျွန်းအောက်စုရွာ ဘုန်းကြီးကျောင်းက ပျူစခန်းကိုပါ ဒရုန်းနဲ့ 25kg ဗုံးသီး ၁လုံး ချခဲ့ပါတယ်။ ထိခိုက်သေဆုံးရှိပေမယ့် သတင်းမရဘူး။ ဒါပေမယ့် ရွာထဲကို ဖောကား အလွတ်၁စီးနဲ့ အိမ်စီးကား ၁စီး ဝင်သွားတယ်ပေါ့။ နောက်ပြီး တောင်ညိုရဲစခန်းကကောင်တွေ လာတဲ့အချိန်မှာလည်း သင်္ချိုင်းက ကျနော်တို့မိုင်းကွင်းထဲအရောက် မိုင်းဆွဲခဲ့ပါတယ်။ ထိခိုက်သေဆုံးများနိုင်ပေမယ့် ကျနော်တို့ ၁ယောက် သေတယ်ပဲ အတည်ပြုနိုင်ပါတယ်။ နေရာတွေက တဆက်တည်းရှိတာပါ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် (၂၂) ဗျူဟာ၊ သာယာဝတီခရိုင် တပ်ရင်း (၁) ဒရုန်းတပ်ဖွဲ့ နဲ့ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရမှုအပြီး စစ်အုပ်စုက ကင်းပုန်းလုံခြုံရေးတွေ တိုးမြှင့်ထားတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စခန်းမှူး နေအိမ်နှင့် ဗိုလ်တဲကုန်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးနေစဥ်
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

မှော်စီစာကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ SKY Hotel ရှေ့မှာ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသားတစ်ယောက် သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပေါက်မြို့နယ်မှာ ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နေရာ ၃ နေရာကို ဒရုန်းနဲ့ ဗုံးသီး ၃၀၀ ကျော် ကြဲချတိုက်ခိုက်…

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီ ခမရ ၁၀၆ တပ်ကို Dark Shadow အဖွဲ့ အဝေးမိုင်းနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်၊ လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီရဲ့ ခမရ ၁၀၆ တပ်ရင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ YGN Dark Shadow အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်မှုထမ်းကြေး တစ်အိမ်ထောင် ၃သိန်း ငွေညှစ်နေတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်မှာ တစ်အိမ်ထောင် စစ်မှုထမ်းကြေး ၃သိန်း တောင်းခံနေတဲ့ ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူးသိန်းဦးကို နေအိမ်အတွင်း ပစ်ခတ်ရှင်းလင်းပြီး လေသေနတ် ၁လက်ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇမင်းက မောင်းကိုပြောပါတယ်