လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် အမြဲတောင်းဆို အားပေးနေတဲ့ ပြင်သစ်သမ္မတ၊ ပြင်သစ်အစိုးရနဲ့ ပြင်သစ်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်းလင်းက ပြောပါတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာအတွက် အထူးကိုယ်စားလှယ် မစ္စတာ ခရစ်စတန် လရှယ်ဗီ (Mr. Christian Lechervy) နဲ့ ကိုထိန်လင်း တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့လိုတွေ့ဆုံချိန်မှာ ပြင်သစ်သမ္မတ အေမန်နျူယယ် မက်ခရွန်ကနေ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။

စာထဲမှာ ပြင်သစ်သမ္မတက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ပြင်သစ်နိုင်ငံအနေနဲ့ ထပ်မံတောင်းဆိုကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

“အသက်ကြီးလာပြီဖြစ်တဲ့ ကျွန်တော့်မေမေဟာ အချုပ်အနှောင်ထဲမှာ ကျန်းမာရေး မကောင်းတော့ပါ။ မေမေဟာ နိုင်ငံ့လွတ်လပ်ရေးအတွက် သူ့ဘဝ အသက်တာတစ်လျှောက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်တယ်။

မေမေလွတ်မြောက်ခြင်းဟာ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက်သာမက မြန်မာပြည်ရဲ့ လွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်လည်း အရေးပါဆုံးဖြစ်ပါတယ်။” လို့ ကိုထိန်လင်းက ဆိုပါတယ်။

ပြင်သစ်နိုင်ငံ ခေါင်းဆောင်နဲ့ ပြည်သူတွေအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူတွေအပေါ် သနားကရုဏာထားပြီး အမြဲထောက်ခံအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိသလို ပြင်သစ်နိုင်ငံရဲ့ မိတ်ဆွေကောင်း ပီသခြင်းကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရတယ်လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

0 Shares:
You May Also Like
Read More

အမေရိကန်တွင် ရက်ကျော်နေထိုင်သူတွေ များပြားနေမှုကြောင့် မြန်မာနိုင်ငံအပါ နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်

အမေရိကန်ကိုရောက်ပြီးနောက် ရက်ကျော်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေ များပြားနေတာကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ပိတ်လိုက်တယ်လို့ အိမ်ဖြူတော်က သမ္မတထရမ့် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်ကို မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီမှုအချို့ မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ လက်မှတ်ထိုး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်းမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အပါအဝင် သဘောတူညီချက် (၁၀) ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

တရုတ်ကျားဖြန့်အလုပ်သမား ၃၀၀ ကျော်ကို ထိုင်းကတဆင့် တရုတ်ကိုနေရပ်ပြန်ပို့

မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
Read More

အီရန်၏ စစ်တွင်းကာလ စစ်ဦးစီးချုပ် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံး

အစ္စရေးစစ်တပ်ရဲ့ မနေ့ညက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်စစ်တပ်ရဲ့ အကြီးဆုံးရာထူးဖြစ်တဲ့ စစ်တွင်းကာလ စစ်ဦးစီးချုပ် သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
Read More

အီရန်ကို ဗုံးကြဲသည့် စစ်ဆင်ရေး ထရမ့်ကိုယ်တိုင် စောင့်ကြည့်ကွပ်ကဲမှု ပုံရိပ်များ အိမ်ဖြူတော် ထုတ်ပြန်

အီရန်နိုင်ငံရဲ့ နျူကလီးယား သုတေသန စခန်းတွေကို အမေရိကန်လေတပ်က ဗုံးကြဲခဲ့တဲ့ စစ်ဆင်ရေးကို စစ်ရေး ကွပ်ကဲမှုအခန်း (situation room)​ကနေ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် စောင့်ကြည့်ကွပ်ကဲနေတဲ့ ဓာတ်ပုံတွေကို အိမ်ဖြူတော်က ထုတ်ပြန်လာပါတယ်။
Read More

မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ထရန့် ဆက်လက်သက်တမ်းတိုး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားမှုဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်လက်သတ်မှတ်ပြီး စစ်ဗိုလ်ချုပ်တွေကိုလည်း ဆက်လက်အရေးယူပိတ်ဆို့ထားဦးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။