စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်သားက စစ်ရှောင်အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မိသားစုဝင်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် ည ၉နာရီလောက်မှာ ဗန်းမောက်မြို့နယ်၊ အလယ်ရွာ သီလရှင်ကျောင်းမှာ မိခင်ဖြစ်သူနဲ့အတူ စစ်ရှောင်နေတဲ့ ကဒူးမျိုးနွယ်စု အမျိုးသမီးတစ်ယောက်ကို SNA တပ်သား ၂ယောက်က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

“ကျန်းမာရေးမကောင်းလို့ သူများလို မပြေးနိုင်ဘူး။ ဒီအဖွား သီလရှင်ကျောင်းမှာ တည်းခိုနေတာပါ။ ရွာမှာလည်း ဘယ်သူမှ မရှိတော့ဘူး။ သမီးက ရောဂါသည်လို့ပြောတာကို ဘာရောဂါသည်လဲပြောပြီး လက်ကို အတင်းဆွဲခေါ်သွားတယ်”လို့ ကာယကံရှင် မိန်းကလေးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။

အသက် ၃၀ ဝန်းကျင်အရွယ်ရှိ SNA တပ်သား ၂ယောက်ဟာ အဆိုပါ မိန်းကလေးကို သီလရှင်ကျောင်းအနီးရျိ နေအိမ်တစ်လုံးဆီ ခေါ်သွားပြီး မျက်လုံးကို အဝတ်နဲ့စည်း၊ လက်ကို ကြိုးနဲ့တုပ်ကာ အဓမ္မပြုကျင့်ပြီး ည ၉နာရီခွဲလောက်မှာ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ခေါ်သွားတဲ့အချိန် ဆရာလေး အိပ်နေပြီဆိုတော့ မြင်လိုက်တာက ဆရာလေး အစောင့်တစ်ယောက်နဲ့ ကျမပဲမြင်တာပါ။ ပါးတွေ မရိုက်ပါဘူး။ ခေါ်သွားတဲ့နေရာကလည်း ဆရာလေးကျောင်းနဲ့ တစ်အိမ်ခြားပဲ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

“တပ်သားက ရှိသေးလား၊ မရှိသေးလားတော့ မသိဘူးပေါ့နော်။ ဗန်းမောက်ဘက်မှာဆိုရင်တော့ တပ်မဟာ ၆၁၄ မှာပဲလို့ သတင်းကြားတယ်” လို့ ဗန်းမောက်နယ်ခံတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲမှာလည်း ဂျပန်လိုဏ်ဂူက စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံအမျိုးသမီးတွေအပြင် သီလရှင်ဆရာလေးတချို့ကို အဓမ္မပြုကျင့်ခဲ့ပြီး အဲဒီထဲက တချို့အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာမျိုးတွေ ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

ရွှေဘိုမှာ ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခံရပြီး နေရာတင်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို ဆိုင်ကယ်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အသင့်စောင့်ကြိုပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဟာသ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ရှာပြီ

ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
Read More

KNU တပ်မဟာ ၅ နယ်မြေမှာ (၁၅) ရက်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံး

ကရင်အမျိုးသားအစည်အရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေမှာ နိုဝင်ဘာလအတွင်း ၁၅ ရက်တာ တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါ ၇၇ ယောက် သေဆုံးခဲ့တယ်လို့ KNU မူတြော်သတင်းစဥ်က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးကို ပုံဖျက်ထားတဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သင်ရိုးများ အခြေခံပညာ စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားမည်

စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို စာသင်ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်နေတယ်လို့ Burma Affairs & Conflict Study က ထုတ်ပြန်ပါတယ်။
Read More

ပေါက်တွင် အကြမ်းဖက်စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်ယူဆောင် ထွက်ပြေး၊ ၃ ဦးလုံးကို ပေါက်ပကဖ ထိန်းသိမ်းထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ ပြည်သူ့စစ် (ပစ) ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးလာကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။