ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၂၂ ထံကနေ လက်နက်ခဲယမ်းတွေ ဆက်တိုက်သိမ်းဆည်းရရှိနေ တယ်လို့ Black Panther Column – တပ်ခွဲ ၂ မှ မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

”တပ်မ၂၂ရဲ့ အလှူတော်မဂ်လာ ဗိုလ်မှူးကြီးစောဒါဘောတို့ဆီကို ဆက်တိုက်ကို ရက်ရက်ရောရော လှူတမ်းနေပါကြောင်း ကြော်ညာမောင်း ဒူဝေ ဒူဝေ”လို့ ရေးသားပြီး လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါ တယ်။

မြဝတီမြို့နယ် ရသေ့ဂူ၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ တပ်မ ၂၂ လက်အောက်ခံ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ချေမှုန်းနေပြီး စစ်သားအများ အပြားသေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိနေတာဖြစ်ပါတယ်။

Video – Black Panther Column – တပ်ခွဲ ၂

0 Shares:
You May Also Like
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

ပခုက္ကူနယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ပျူစောထီး ၂ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် တင်းဂါတ်ရွာ ပြည်သူ့စစ်ဂိတ်စခန်းကို အောက်တိုဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ယောက်သေခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

သေဆုံး စစ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို အမိန့်ပြန်တမ်း ထုတ်ပြန် (ရုပ်/သံ)

ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က တိုက်ပွဲတလျှောက် သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေထံကနေ သိမ်း ဆည်းရရှိထားတဲ့ လက်နက်ခဲယမ်းတွေကို အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ အောက်တိုဘာ ၂၂ ရက်က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

တောင်သာမြို့နယ် ဇဂျမ်းဂိတ်အား တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အနောက်အထွက်ရှိ အကြမ်းဖက်ကောင်စီတပ်သား အင်အား ၅၀ ခန့်နဲ့ တပ်စွဲထားတဲ့ ဇဂျမ်းဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ ထံက သိရပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။