မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မိုးကံရွာရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ ကား ၁ စီးနဲ့ စစ် ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ရှင်းလင်းခဲ့တယ်လို့ 27 Revolution Forces က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်က နွားထိုးကြီးမြို့နယ် မိုးကံရွာကို အင်အားဖြည့်လာတဲ့ စစ်တပ်ကား ၁ စီးနဲ့ စစ်ကြောင်းကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချရှင်းလင်းခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီး ထိခိုက်ပျက်စီးကာ စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် (၁)  တပ်ရင်း (27 Revolution Forces) ၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း၊ နွားထိုးမြို့နယ်ပ.က.ဖနဲ့  ရေစကြိုတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – 27 Revolution Forces

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကူစစ်ကြောင်းအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ အထိနာ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများခဲ့ပြီး အထိနာခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းနဲ့ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Egale Drone Force အဖွဲ့ထံက သိရပါ တယ်။
Read More

KIA ထိန်းချုပ်ထားသည့် မန်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီက တိုက်ခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12  လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။