စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်း‌ဆောင်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်ဆက် ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ပျူခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ပျူရွာက ကင်းစခန်းတွေကို တိုက်ခိုက်တာပေါ့နော်။ အဲ့မှာ ပျူခေါင်းဆောင် ဝင်းဇော်အောင် ထိသွားပြီး ၄ဦးလည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒီပျူရွာတွေက အာဏာသိမ်းပြီးကာလ အစထဲက ပျူရွာစတည်တာပေါ့နော်။ စစ်တပ်နဲ့ ပျူစောထီးပေါင်းထိုင်ပါတယ်။ အင်အားက ရွာထဲမှာ ၈၀ လောက်ရှိတယ်” လို့ Shwebo Crocodile အဖွဲ့ခေါင်းဆောင် ဗိုလ်မိကျောင်းက မောင်းကို ပြောပါတယ်။

ပျူခေါင်းဆောင် ဝင်းဇော်‌အောင်ရဲ့ နာရေးကို ယနေ့ နိုဝင်ဘာ ၁ ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင်အမှတ်(၄) တပ်ရင်း ဦးဆောင်ပြီး ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile ၊ ဒေါင်းမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ FIFတောင်သူ့လွတ်မြောင်ရေးအင်အားစုနဲ့ ဒေါင်းစစ်သည်အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့

0 Shares:
You May Also Like
Read More

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားပြီး စခန်းအချို့ လက်လွှတ်ခဲ့ရ (ရုပ်/သံ)

နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်း ထိစပ်နယ်မြေများကို အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ် မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့စခန်းအချို့ လက်လွှတ်ခဲ့ရတယ်လို့ ၉၀၂ တပ်ရင်း ၊ တပ်ခွဲ - ၃ ၊ တောင်တွင်းကြီးတပ်ခွဲမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ရဲ့ လက်ရှိအခြေအနေ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

“ကမ္ဘာ့ကလေးများနေ့ ” အထိမ်းအမှတ်အခမ်းအနားမှ ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်အမှာစကား (ရုပ်/သံ)

"ကမ္ဘာ့ကလေးများနေ့ " အထိမ်းအမှတ်အခမ်းအနား မှာအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်း၀င်းခိုင်သန်းပြောကြားတဲ့ အဖွင့်အမှာစကား ကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ ခရီးသွားပြည်သူတွေကို ပိုက်ဆံ‌တောင်းနေတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Yae Nagarတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။
Read More

စစ်ရှောင်တွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး အခိုင်အမာတပ်စွဲပြီး စစ်ရှောင် ပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ် ကာကင်းစခန်းကို အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။