မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီကို အစီရင်ခံစာ တင်ပြပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အမ်ဒရူးက စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ “အဆမတန် ပိုမိုဆိုးရွားလာတယ်” လို့ ပြောဆိုခဲ့ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ အရင်နှစ်က ကုလသမဂ္ဂကို အစီရင်ခံတင်ပြခဲ့တုန်းကထက် ဒီနှစ်မှာ သိသိသာသာ ပိုမိုဆိုးရွားနေကြောင်း သူက ပြောပါတယ်။

လက်ရှိမှာ မြန်မာပြည်သူပေါင်း ၂၂ သန်းနီးပါးဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး ၁၆.၇ သန်း ကတော့ စားနပ်ရိက္ခာ မလုံလောက်မှုကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ ဒုတိယ သုံးလပတ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ကြောင်း တွမ်အမ်ဒရူးက ထောက်ပြပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်အလယ်ပိုင်းက မိသားစုတွေရဲ့ ၅၇% ဟာ သူတို့ရဲ့ အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ကိုတောင် မဖြည့်တင်းနိုင်တော့ကြောင်း၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ၃၃% သာရှိခဲ့ပြီး သိသိသာသာ မြင့်တက်လာကြောင်း မစ္စတာ အမ်ဒရူးက ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေကို စတင်လုပ်ဆောင်ဖို့ မိမိအနေနဲ့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်” “လူသားချင်းစာနာမှု အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီရရှိနိုင်မှုကပါ ပိုဆိုးလာနေတာက လုံးဝ ကပ်ဘေးကြီး ဖြစ်နေပါပြီ” လို့ သူက ပြောဆိုထားပါတယ်။

လက်ရှိ အကူအညီလိုအပ်နေသူ ၂၂ သန်း ရှိပေမယ့် လူသားချင်းစာနာမှု အကူအညီပေးဖို့ ရည်ရွယ်တဲ့ လူဦးရေကို ၄.၈ သန်းအထိ လျှော့ချလိုက်တာဟာ “လိုအပ်နေတဲ့ ၂၂ သန်းရဲ့ လေးပုံတပုံတောင် မပြည့်တော့ဘူး” လို့ အမ်ဒရူးက ဝေဖန်ထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာစစ်ကောင်စီက အခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပထမအသုတ် စတင်လုပ်ဆောင်မယ့် ရွေးကောက်ပွဲ ပြင်ဆင်နေမှုအပေါ် မစ္စတာ အမ်ဒရူးက “အတုအယောင်” နဲ့ “အလိမ်အညာ” သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“နိုင်ငံရေး အတိုက်အခံခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထိန်းသိမ်း၊ ထောင်ချ၊ နှိပ်စက်နေချိန်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မရှိနိုင်ပါဘူး” လို့ သူက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ဖို့ တောင်းဆိုပြီး “တရားမျှတမှု ဖော်ဆောင်ရေးကို အတင်းအကျပ် တောင်းဆိုရမယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း – UN rapporteur says international community failed Myanmar amid worsening crisis

0 Shares:
You May Also Like
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံဖို့ ထိုင်းဝန်ကြီးချုပ် ပြော

လာအိုမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေအတွင်း မြန်မာ့အရေးပြဿနာဟာ ခေါင်းစဉ်ကြီးတရပ်ဖြစ်ခဲ့တဲ့အလျှောက် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင် မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်ဖို့ ထိုင်းဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးဖွင့်ပွဲနေ့မှာ တောင်းဆိုခဲ့ပါတယ်။
Read More

ကိုးကန့်သူဌေး မြီမိသားစုဝင်များအပါအဝင် ၁၁ ဦးကို တရုတ်တရားရုံး သေဒဏ် အမိန့်ချ၊ အခြား ၅ ဦးကို ၂ နှစ်ဆိုင်းငံ့ သေဒဏ် ချမှတ်

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့် ဒေသမှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ တခြား ဒုစရိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ မြီမိသားစုတွေအပါအဝင် ဂိုဏ်းသား ၁၁ ယောက်ကို တရုတ်က သေဒဏ် ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခ ထိုင်းဘက်မှ စတင်ခြင်းမဟုတ် ဟု ထိုင်းသံရုံးထုတ်ပြန်

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ပြဿနာနဲ့ ပစ်ခတ်မှုတွေမှာ ထိုင်းနိုင်ငံဘက်က စတင်ခြင်းမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောမီးကြောင့် ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မြို့တော်နဲ့ သန်းကြွယ်သူဌေးတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းနေ

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေတာကြောင့် နာမည်ကြီး လူသိများတဲ့ ကမ္ဘာ့ ရုပ်ရှင်မြို့တော် Hollywood အပါအဝင် သန်းကြွယ်သူဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေ မီးလောင်ကျွမ်းခံနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာအပါအဝင် အာရှဘက်က ရွှေ့ပြောင်းလုပ်သားတွေ လိုချင်ကြောင်း ရုရှား ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တရုတ်လက်ထောက်လုံခြုံရေးဝန်ကြီးနှင့် စစ်ကောင်စီ ကျားဖြန့်ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး နေပြည်တော်မှာ ဆွေးနွေး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပြန်လွှဲဖို့ စီစဉ်နေ

တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနဲ့ စစ်ကောင်စီဝန်ကြီးတွေ နေပြည်တော်မှာ တွေ့ဆုံပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ဆွေးနွေးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။