ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်စုက ရသေ့တောင်မြို့နယ်အတွင်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဇီးကိုင်းရွာကို အောက်တိုဘာ ၃၀ ရက် ဒီနေ့လယ် ၁ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အရပ်သားပြည်သူ နေတဲ့နေရာပါ။ စစ်ရေးပစ်မှတ် မဟုတ်ပါ၊ ဒီနေ့ Drone နဲ့ ဗုံးချသွားတာပါ။ သေဆုံးသူ ၁ဦး၊ ဒဏ်ရာရသူ ၂ဦး ရှိပါတယ်။ ဒဏ်ရာရတဲ့သူတွေက စိုးရိမ်ရတဲ့ အခြေအနေရှိမရှိ သတင်းအတိအကျ မရသေးပါ” လို့ နယ်မြေခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ ဇီးကိုင်းရွာဟာ ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးကြဲခံရတာဖြစ်ပြီး လက်ရှိမှာ ဒေသခံတွေကတော့ ကြောက်လန့်နေတာကြောင့် ရွာထဲ မနေရဲတော့ဘဲ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့တုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရပ်ကျေးရွာကို အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်ချိန် အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းက အသက် ၁၄ နှစ်အရွယ် လူမှုကူညီရေးအသင်းသား မောင်ဌေးအောင်ဟိန်း ထိမှန်သေဆုံးခဲ့ပါသေးတယ်။

(ဓာတ်ပုံ Arakan Princess Media)
0 Shares:
You May Also Like
Read More

ရဲတပ်ဖွဲ့နေ့တွင် မြဝတီ မြို့နယ်ရဲမှူး ရုတ်တရက် သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က မြို့နယ်ရဲတပ်ဖွဲ့မှူး အောင်နိုင်ဦးဟာ အောက်တိုဘာ ၁ရက်မှာ ရုတ်တရက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီ ရခိုင်ပြည်နယ် ကျောက်တော်ကို ဗုံးကြဲတိုက်ခိုက်

ဧပြီလ ၂၂ ရက်အထိ ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ အာဏာသိမ်း စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က လူနေရပ်ကွက်ထဲကို မနေ့က သင်္ကြန်အကြိုနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အတုအယောင် ရွေးကောက်ပွဲ ဖန်တီးခြင်းသည် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ပြော

ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်တာဟာ ဒီမိုကရေစီကျင့်စဥ်ကို ချိုးဖောက်ပြီး ပြည်သူလူထုရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာဖြစ်တယ်လို့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် - ၁၃/၂၀၂၅" မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်ဂူဒေသကို စစ်ကောင်စီ တစ်ရက်အတွင်း ဗုံးသီး ၅၀ ကျော် ကြဲချ၊ ပြည်သူ ၃ယောက် သေဆုံးပြီး ၁၀ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ကျောက်ဂူဒေသကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ အရပ်သားပြည်သူ (၃)ယောက် အသက်ဆုံးရှုံးခဲ့ရပြီး (၁၀)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) က ထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ်ရှိ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ် ၂ ရပ်ကွက်နှင့် ဇဂျမ်းစစ်ကောင်စီဂိတ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။