စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ ယောက်ကို ပေါ်တာဆွဲပြီး သူတို့ထဲက ၁ ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်လိုက်တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ကောလင်းမြို့နယ်အရှေ့ခြမ်း ပေကုန်းရွာကနေ ရွှေဘိုကို ဆိုင်ကယ်နဲ့ထွက်လာတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ယောက်ကို ကန့်ဘလူမြို့နယ် စံပယ်နံ့သာအထိုင်စခန်းရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးတဲ့နောက် ပေကုန်းရွာက အသက် ၁၆ နှစ်အရွယ် မသင်းသင်း (အမည်လွှဲ) ကို အကြမ်းဖက်စစ်အုပ်စုက မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး ကျန်တဲ့ မိန်းကလေးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

“အိမ်က မိဘတွေ ပြောစကားအရ ပုရစ်တူးဖို့ဆိုပြီး ထွက်သွားကြတာ။ ထွက်သွားတယ်ဆိုပေမယ့် မိုင် ၄၀ ကျော်ကြီးကို တစ်ရက်တည်းနဲ့ရောက်အောင် မောင်းနိုင်လားတော့ မပြောတတ်ဘူး။ ဆိုင်ကယ်နဲ့ ထွက်သွားကြတာ။ အဲဒီဂိတ်မှာ အဖမ်းခံရတယ်ပေါ့။ မုဒိမ်းကျင့်ခံရတဲ့ တစ်ယောက်ကလည်း အသက်ရှင်နိုင်စရာ အကြောင်းမရှိတော့ဘူး သူပြောတယ်။ သေပြီလို့တော့ အတည်ပြုဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ သူတော့ ရှင်မှ ရှင်ပါ့မလား မသိဘူးဆိုပြီး စကားတော့ ထွက်ခဲ့တယ်” လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကိုလည်း စစ်အုပ်စုက အသေခံမလား၊ မုဒိမ်းကျင့်ခံမလားလို့ မေးမြန်းခဲ့ကြောင်း၊ အသေခံမယ်လို့ ပြောပြီး ထွက်ပြေးလာရင်း တော်လှန်ရေးအဖွဲ့တွေထံ ရောက်ကာ အဲဒီကတဆင့် မိဘတွေထံ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

“သူ့ကိုလည်း အဓမ္မပြုကျင့်ခံမလား၊ အသေခံမလားလို့ မေးတယ်။ သူကတော့ အသေခံမယ်လို့တော့ ဖြေတယ်။ အဲဒါပြီးတော့ သူမိုင်းကွင်းတွေ ဖြတ်ပြေးခဲ့တယ်။ ပြီးတော့ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ပြီးတော့ ချိတ်ဆက်ပြီး သူ့မိဘဆီ ပြန်ရောက်ခဲ့တယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့တုန်းကလည်း ကောလင်းမြို့နယ်ကနေ တန့်ဆည်ဘက် ကထိန်ခင်းဖို့သွားတဲ့ လင်မယား ၂ ယောက်ကို စံပယ်နံ့သာအထိုင်ဂိတ်က စစ်အုပ်စုတွေ ဖမ်းဆီးပြီး မိန်းမဖြစ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လက်ပန်လှရွာ ရဲစခန်းကို စစ်တပ်ဗုံးကြဲမှုကြောင့် အကျဥ်းသားနှင့် သံသယတရားခံ ၂၂ ဦး သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရ၊ ရွှေပန်းတောရွာတွင်လည်း ၂ ဦး အသက်ဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ လေကြောင်းတိုက်ခိုက်နေသည့် မင်းလက်ပံဧရိယာ ကျားဖြန့်ဝင်းထဲမှ တရုတ်နိုင်ငံသားအများစု မထွက်ခွာလိုဘဲရှိနေဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းလက်ပံ ကျားဖြန့်ခြံဝင်းထဲရှိ နိုင်ငံခြားသားတွေကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေရာမှာ ခြံဝင်းအတွင်းက မထွက်ခွာလိုဘူးလို့ အတိအလင်းထုတ်ပြောလာသူ ၁၀၀၀ နီးပါးရှိပြီး အများစုမှာ တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့ KNU က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပြည်နယ်နှင့် ယူနစ်များကို လေကြောင်းတိုက်ခိုက်လေ့ရှိသည့် လေဆိပ်နှင့် လေယာဉ်အမျိုးအစားများကို EAR နှင့် မိတ်ဖက်များ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ပြည်နယ် နဲ့ ယူနစ်(တိုင်း)တွေအလိုက် လေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေဆိပ်နဲ့ လေယာဉ်အမျိုးအစားတွေကို Enemy Air Route (EAR) နဲ့ မြေပြင်ဒေသခံ လေကြောင်းကင်းထောက်အဖွဲ့တွေ ပူးပေါင်းပြီး မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူတွင် စစ်ကောင်စီက ရွာ၂ ရွာကို အင်အားအလုံးအရင်းဖြင့် မီးဝင်ရှို့ရင်း အရပ်သား ၉ ဦးကိုပါ လူသားဒိုင်းလုပ် ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ အရပ်သား ၂ ဦး‌ သေဆုံး

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီတပ်က သင်္ကြန်အကြိုနေ့ ညပိုင်း လေကြောင်း‌ ဗုံးကြဲတိုက်ခိုက်ခဲ့ဝာာကြောင့် အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။