ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲမှာ သေနတ်ကျည် ဦးခေါင်းထိမှန်ပြီး ကျဆုံးခဲ့တဲ့ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းကို စစ်ပုံစံနဲ့အညီ သင်္ဂြိုလ်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ တပ်ရင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ၁၇ရက်၊ မနက်ပိုင်းက ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလွှဲကျေးရွာနဲ့ ပိန္နဲပင်ကျေးရွာကြား အကြမ်းဖက်စစ်တပ်နဲ့ နေပြည်တော် PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေချိန် နေပြည်တော် PDF တပ်ရင်း(၉၀၁) ရဲ့ ရဲဘော် လျှပ်စီး (ခ) နေဝင်းထွန်းဟာ ရန်သူဘက်က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည် ဦးခေါင်းကို ထိမှန်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“ရန်သူစစ်တပ်နား ချဥ်းကပ်ရင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ ရဲဘော်လျှပ်စီးကို ဦးခေါင်းထိပြီး ကျဆုံးသွားတာပါ။ သင်္ဂြိုလ်ပြီးပါပြီ။” လို့ နေပြည်တော် PDF တပ်ရင်း (၉၀၁) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရဲဘော်လျှပ်စီးအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ကို ထိတွေ့တိုက်ပွဲဝင်ရင်း ရဲရင့်မြင့်မြတ်စွာကျဆုံးခဲ့ရသလို တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ပေးဆပ်အနစ်နာခံခဲ့တာကြောင့် ကျန်ရစ်တဲ့ရဲဘော်တွေနဲ့ ပြည်သူလူထုက အမြဲလေးစားဂုဏ်ယူသွားရင်း မပြီးဆုံးသေးတဲ့ အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ရေးတိုက်ပွဲအတွက် အားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမယ်လို့လည်း နေပြည်တော် PDF တပ်ရင်း (၉၀၁) က ထုတ်ပြန်ထားပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်း တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော် လျှပ်စီး

ပြီးခဲ့တဲ့ အောက်တိုဘာလတတိယပတ်လောက်ကစလို့ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေမှာ စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်အထိုင်ချမှုနဲ့အတူ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့ နေပြည်တော် PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲနေ့စဥ်ရှိနေကြောင်းနဲ့ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊ ဂျက်ဖိုက်တာလေယာဥ်တွေနဲ့ လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေကြောင်း သိရပါတယ်။

“တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း နေ့စဥ်ပါပဲ။ ဂျက်ဖိုက်တာ ဂျိုင်ရိုကော်ပရာတွေ ဒရုန်းတွေနဲ့ ချနေတာပါ။” လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကိုပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုတွေက အောက်တိုဘာလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ပိန္နဲပင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ တပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တန်ပြန်ဒရုန်းနည်းဗျူဟာ တိုးတက်အောင် လုပ်ဆောင်ရန် သင်တန်းဆင်းစစ်သားများအား မင်းအောင်လှိုင်ပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည် လက်နက်ကိုင်လမ်းစဉ်ကြောင့်ဟုလည်း လက်နက်နှင့်အာဏာသိမ်းထားသော စစ်ခေါင်းဆောင်ကဆို

စစ်ပွဲတွေမှာ ဒရုန်းအသုံးပြုလာတာများပြားလာလို့ တန်ပြန်ဒရုန်းနည်းဗျူဟာနဲ့ ကာကွယ်ဖို့နည်းလမ်းတွေအတွက် နည်းပညာပိုင်းတိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်က ပြောလိုက်ပါတယ်။ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာလ ၅ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ နည်းပညာတက္ကသိုလ် အမှတ်စဉ် ၂၇ သင်တန်းဆင်းပွဲမှာ စစ်ခေါင်းဆောင်က အခုလို ပြောကြားခဲ့တာပါ။
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

လားရှိုးက တရုတ်ကွမ်ရင် ဘုရားကျောင်းကို စစ်ကောင်စီ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်

လာရှိုးက တရုတ်ဘာသာရေး ကွမ်ရင်ဘုရားကျောင်းကို စစ်ကောင်စီက တမင်ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ MNDAA က အောက်တိုဘာ ၄ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဆောင်းဦးရာသီ စပါးရိတ်ဖို့ လယ်သမားတွေကို MNDAA ကူညီရိတ်သိမ်းပေး… (ဓာတ်ပုံသတင်း)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) က ဆောင်းဦးရာသီမှာ လယ်သမားတွေကို ကူညီပြီး စပါးရိတ်သိမ်းပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။