ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF တပ်ရင်းတွေ ထိတွေ့တိုက်ပွဲ နေ့စဥ်ဖြစ်ပွားနေပြီး စစ်အုပ်စုက လေကြောင်းအဆက်မပြတ် အသုံးပြုနေတယ်လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်လောက်ကစလို့ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေမှာ စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်အထိုင်ချမှုနဲ့အတူ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း အကြမ်းဖက်စစ်အုပ်စုနဲ့ နေပြည်တော် PDF တပ်ရင်းတွေ နေ့စဥ် တိုက်ပွဲရှိနေကြောင်းနဲ့ စစ်အုပ်စုက ဂျိုင်ရိုကော်ပတာ၊ ဒရုန်းနဲ့ ဂျက်ဖိုက်တာလေယာဥ်တွေ အသုံးပြုကာ အဆက်မပြတ် ဗုံးကြဲနေကြောင်း သိရပါတယ်။

“တိုက်ပွဲတွေ နေ့စဥ်နီးပါး ဖြစ်နေတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း နေ့စဥ်ပါပဲ။ ဂျက်ဖိုက်တာ ဂျိုင်ရိုကော်ပရာတွေ ဒရုန်းတွေနဲ့ ချနေတာပါ။” လို့ နေပြည်တော်စစ်တိုင်းဌာန တာဝန်ရှိသူ ဇင်ယော်က မောင်းကို ပြောပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုက အောက်တိုဘာလ ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ ပိန္နဲပင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ တပ်စွဲနေထိုင်နေတယ်လို့လည်း သိရပါတယ်။

စစ်တောင်းမြစ် အရှေ့ဘက်ကမ်း တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေသည့် နေပြည်တော် PDF တပ်ရင်း ၉၀၁

ဒါ့အပြင် အောက်တိုဘာလ ၂၇ရက်နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ရေလွှဲကျေးရွာနဲ့ ပိန္ဒဲပင်ကျေးရွာက စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲမှာ နေပြည်တော် တပ်ရင်း (၉၀၁) က ရဲဘော်လျှပ်စီး (ခ) ကိုနေဝင်းထွန်း ကျဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာတပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ရက်နေ့ကလည်း အင်အား ၆၀ နီးပါးနဲ့ အထိုင်ချတပ်စွဲထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ရွာသစ်ကျေးရွာက စစ်အုပ်စုစခန်းတွေကို နေပြည်တော်တိုင်းစစ်ဌာနရဲ့ PDF တပ်ရင်းတွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း အကြမ်းဖက်စစ်သုံ့ပန်းတွေ၊ အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ်ပြီးကတည်းက စစ်အုပ်စုဟာ စစ်တောင်းမြစ်အရှေ့ကမ်းတစ်လျှောက်ကို အင်အားတွေ ထပ်မံဖြည့်တင်းခဲ့သလို လေကြောင်းကနေပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပြီး တိုက်ပွဲတွေပါ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ စစ်မှုထမ်းသင်တန်း တက်ခဲ့ရသည့် စစ်သားသစ် ၂ ယောက် အလင်းဝင်…

ကရင်နီပြည်နယ်မှာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်နဲ့ ပဲခူးတိုင်း၊ သုံးဆယ်မြို့ တို့ကနေ စစ်မှုထမ်းသင်တန်း တက်ခဲ့ရတဲ့ စစ်သားသစ် ၂ ယောက် အလင်းဝင်ရောက်လာတယ်လို့ Karenni Army BA-5 ဆီက သိရပါတယ်။
Read More

ညောင်ဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၈ ဦးသေကာ ဒရုန်း ၁စီး ပျက်စီး၊ ဂျိုးကန်ရွာကို စစ်ကောင်စီ မွှေနှောက်ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒရုန်းတွေပစ်ချနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၈ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တပ်တည်‌ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနား…

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) အနေနဲ့ တပ်ရင်းတည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်က ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့

မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။