ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်မှာရှိတဲ့ ရတနာမြေ (၂) စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက ဘားအံမြို့ အမှတ် (၉) ရပ်ကွက် ဘားအံ-ကော့ကရိတ်လမ်းရှိ ရတနာမြေ (၂) ဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနဲ့ ဘားအံမြို့နယ်မီးသတ်စခန်းက မီးသတ်ကား ၁၅ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စိစစ်လျက်ရှိတယ်လို့ သိရပါတယ်။

Video – ဒေသခံ

0 Shares:
You May Also Like
Read More

တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။
Read More

ပြည်နယ်ပုံရိပ် ကျဆင်းစေတဲ့ KTV ဖွင့်တာ၊ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာတွေ မလုပ်ကြဖို့ ရှေ့တန်းရောက် KNDF ရဲဘော်တွေ တောင်းဆို (ရုပ်/သံ)

ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
Read More

မကွေးတိုင်းအတွင်း စစ်ကောင်စီတပ် အထိနာကာ ကျေးရွာများကို ဝင်ရောက်မီးရှို့ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က မဲဇလီရဲစခန်းနဲ့ မင်းဘူးမြို့နယ်က လက်ပတောစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားများစွာ အလံဖြူထောင် အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ (ရုပ်/သံ)

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ ၅) ကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းက အာရက္ခတပ်တော် AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာပေါင်းများစွာ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

”ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်”

''ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး. မဲမပေးနဲ့ သပိတ်မှောက်" ‘ရွေးကောက်ပွဲအတု လုပ်လည်း တော်လှန်ရေးက ဆက်ချမယ်’ ''သင့်မဲဖြင့် တရားဝင်လူသတ်ခွင့် မပေးနဲ့''