စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စက်တင်ဘာ ၃၀ ရက်က အင်အား ၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဘုတလင်ကူတော် လမ်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ BOB – Battalion Of Budalin တပ်ဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၅ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ကူပေးခဲ့တဲ့ကြားကနေ အကြမ်းဖက်စစ်သား ၄၃ ယောက်ဖမ်းဆီးရမိပြီး ၃၅ ယောက်သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပစ္စတို ()၊ လက်နက်ငယ် (၅၄) လက်၊ ၆၀မမ စိန်ပြောင်း () လက်၊ဒရုန်း () စီး၊ဂျန်မာစက်() လုံးနဲ့အတူဆက်စပ်ခဲယမ်းပစ္စည်းအမြောက်အမြားသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနဲ့အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်) BMT(ဘုတလင်မိုဘိုင်းလ်တီးမ်) FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆) ‌‌PLA (ကွန်မြူနစ်တပ်) BLDF 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ ရေဦး၊ ဒီပဲယင်း ပကဖ‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း() Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်းအဖွဲ့များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်းဘရားသားဒရုန်းအဖွဲ့နဲ့အတူတခြားမဟာမိတ်အဖွဲ့တွေကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၂၀ ရက်က ဘုတလင်မြို့နယ် ကူတော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တော်လှန်‌ရေးတပ်တွေ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေချိန် လာရောက်စစ်ကူပေးတဲ့ စစ်ကြောင်းဖြစ်ပြီး ဘုတလင်မြို့ကို ပြန်လည်ဆုတ်ခွာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မြို့သာရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် စစ်သား ၂ ဦး သေ (ရုပ်သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် စစ်သား ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San's Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွာငယ်မြို့နယ်အတွင်း ရိက္ခာသယ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ရနဲကျေးရွာအနီး ရိက္ခာသယ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကော် မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတဲ့အတွက် ပြည်သူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ဌာနဆိုင်ရာတွေမှာ KIA အလံကိုလွှင့်ထူ (ရုပ်/သံ)

ကန်ပိုက်တီမြို့နဲ့ တရုတ်-မြန်မာ နယ်စပ် ချစ်ကြည်ရေး ဥမင်လှိုဏ်ခေါင်း အပါအဝင် ဌာနဆိုင်ရာတွေမှာ KIA က ကချင်အမျိုးသားအလံတော် ကိုလွှင့်တင်လိုက်ပြီး မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။