မန္တလေးတိုင်း၊ မြင်းခြံအကျဥ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းကို ရောဂါပြင်းထန်တဲ့ အခြေအနေရောက်မှ ပြင်ပဆေးရုံကို ပို့ပေးတာကြောင့် ပို့ဆောင်မှု နောက်ကျသွားတဲ့အတွက် ကျဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ကိုချမ်းမင်းဟိန်းဟာ မြင်းခြံထောင်မှာ ဖမ်းဆီးခံထားရချိန် ကျောက်ကပ်၊ အသဲခြောက်၊ အသဲရောင်အသားဝါ ရောဂါတွေ ဖြစ်ခဲ့ပေမယ့် ထောင်တွင်းဆေးရုံမှာပဲ ဆေးဝါးမလုံလောက်စွာ ကုသခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကိုချမ်းမင်းဟိန်းကို ထောင်တွင်းဆေးရုံမှာ ကုသလို့ မရတော့တဲ့အတွက် အောက်တိုဘာ ၁၈ရက်မှာ ပြင်ပဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲဒီနေ့မှာပဲ အသက် ၂၉ နှစ်အရွယ် ကိုချမ်းမင်းဟိန်း ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“မြင်းခြံထောင်မှာက ထောင်ဆေးရုံအနေနဲ့ ရှိပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ကျတော့ ကိုချမ်းမင်းဟိန်းဖြစ်တဲ့ ကျောက်ကပ်ဖြစ်တာတို့၊ အသည်းရောင် အသားဝါရောဂါဖြစ်တာတို့ ဆိုတာက ထောင်ဆေးရုံတွေမှာ ကုသလို့မရတဲ့ အခြေအနေပေါ့နော်။ အဲဒါကိုမှ ပြင်းထန်နေတဲ့ အခြေအနေမှာ ပြင်ပဆေးရုံကို ပို့တာနောက်ကျသွားတဲ့အတွက် အသက် ၂၉နှစ်အရွယ်လေးမှာ မသေဆုံးသင့်ဘဲနဲ့ အသက်ဆုံးရှုံးရတာမျိုး ဖြစ်ပါတယ်” လို့ PPNM တာဝန်ရှိသူက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသား ကိုချမ်းမင်းဟိန်းဟာ ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေးပုဒ်မ၊ ဖောက်ခွဲမှု၊ လက်နက်မှု စတဲ့ စွဲချက်တွေနဲ့ မတရားဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၅နှစ် ၆လ ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံဒေသအသီးသီးက အကျဥ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ကျဥ်းတွေဟာ လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှုနဲ့ အချိန်မှီ ဆေးကုသခွင့်တွေ မရတာကြောင့် မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

PPNM ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ အကျဥ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုနဲ့ အရေးပေါ် ဆေးကုသခွင့် မရရှိမှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၈ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အသံထက် လေးဆမြန်တဲ့ လေကြောင်းပစ်ဒုံးကျည်ကို တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က စစ်ကောင်စီထံ ရောင်းချပေးနေ

စစ်ကောင်စီကို လက်နက်တွေထောက်ပံ့ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က အသံထက် လေးဆ မြန်တဲ့ လေကြောင်းပစ်ဒုံးကျည် SD-10A ကို‌ ရောင်းချပေးနေတယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူသို့ စစ်သားများပို့သည့် ၄ စီးမြောက်ကားကို တိုက်ခိုက်ရာ ကားပေါ်ပါသည့် စစ်သား ၁၈ ဦးလုံး သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကနေ ပခုက္ကူကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ စစ်သား ၁၈ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ မနက် ၅ နာရီအချိန်မှာ စစ်တပ်အင်အား ၁၂၀ ခန့်ဟာ ရေစကြို ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ ကနေ ပခုက္ကူမြို့ကို ခြေလျင်ထွက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ဒေသခံတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့မြောက်ပိုင်းက ကျေးရွာတချို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်များနှင့်တကွ အလင်းဝင်လာ

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီ တပ်သား ၄ ယောက်က လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာတယ်လို့ Chinland Defense Force - Hakha (CDF-Hakha) က ထုတ်ပြန်ထားပါတယ်။
Read More

မကွေးထောင်အာဏာပိုင်များကြောင့် ၁နှစ်အတွင်း နိုင်ကျဥ်း ၆ ဦးသေဆုံးခဲ့ပြီး အယောက် ၄၀နီးပါး ညှင်းပန်းနှိပ်စက်ခံရ

မကွေးတိုင်း၊ မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် ၁နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ နီးပါး ​ညှင်းပန်းနှိပ်စက်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က နိုဝင်ဘာလ ၁၅ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့ မကွေးအကျဥ်းထောင်မှာ ဒီနှစ် (၂၀၂၅) ၁ နှစ်အတွင်း ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၅ယောက်သေဆုံးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့် လုံလုံလောက်လောက် မရရှိခဲ့မှုကြောင့် နိုင်ကျဉ်း ၁ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးမှုကြောင့် စစ်ကောင်စီ ဝါဒဖြန့်ချိရေး MRTV ဝန်ထမ်း အဖမ်းခံရ

အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)က ဝန်ထမ်း မနှင်းယဉ်ဖြူကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဆုတောင်းပေးတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေကတစ်ဆင့် သိရပါတယ်။