အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU ပါဝင်ပတ်နေတယ်လို့ စွပ်စွဲခဲ့တဲ့အပေါ် ပြတ်ပြတ်သားသား ငြင်းဆိုကြောင်း KNU က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီ၊ ရွှေကုက္ကိုလ်မှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ KNU  ပါဝင်ပတ်သတ်နေကြောင်း၊ KNU ဟာ ငွေကြေးရယူလိုမှု တစ်ခုနဲ့ နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ KK Park မြေနေရာနဲ့ လုပ်ဆောင်ချက်တွေကို တရားဝင် ခွင့်ပြုထားတာမရှိကြောင်း၊ လောင်းကစားလုပ်ငန်းကနေ ရလာတဲ့ ငွေကြေးတွေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာ ဖြစ်ကြောင်း ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောဆို စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

“Online လောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်အောင် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်” လို့ ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

အဲဒီစွတ်စွဲချက်နဲ့ ပတ်သက်ပြီးတော့ KNU က “KNU သည် ထိုင်း-မြန်မာ နယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်းနဲ့ လုံခြုံရေးစောင့်ရှောက်ခ ရယူခြင်းတို့ဖြင့် အကျိုးအမြတ်များ ရရှိသည်ဟု စွတ်စွဲထားပါသည်။ KNU သည် အဆိုပါ စွတ်စွဲချက်ကို ပြတ်ပြတ်သားသား ငြင်းဆိုပါသည်” လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်အုပ်စု စွပ်စွဲထားတဲ့ ဧက ၁၀၀ မြေကွက်မှာ Trans – Asia International Holding Group (Thailand) ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မုလအိအလင်း ကုမ္ပဏီအနေနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက ရပ်ဆိုင်းနှုတ်ထွက်ခဲ့ကြောင်း၊ KK Park ရှိရာနေရာ မြေကွက်နဲ့လည်း သီးခြားစီဖြစ်ကြောင်း၊ မြေကွက်တခုနဲ့တခု သုံးကီလိုမီတာအကွာမှာ တည်ရှိနေတာဖြစ်ကြောင်းကို ဂြိုလ်တုဓာတ်ပုံတွေနဲ့တကွ KNU က ထုတ်ပြောလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ အခုလို စွပ်စွဲမှုဟာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ နိုင်ငံရေး၊ စီးပွား‌ရေး၊ စစ်ရေးအရ စစ်တပ် အကျိုးမြတ်ရရှိမှုတွေကို ဖုံးကွယ်လိုတာကြောင့် KNU ကို စွပ်စွဲပြီး သတင်းအမှား ဖြန့်ချီနေတာ ဖြစ်တယ်လို့ KNU က ပြောဆိုထားပါတယ်။

(ဓာတ်ပုံ Getty Images)

0 Shares:
You May Also Like
Read More

ဒေါ်ဆောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပေမယ့် နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသခွင့် စစ်တပ် ငြင်းပယ်

အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၈၀) အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

မန္တလေးမှာ ၁၅ ရက်အတွင်း ပေါ်တာဆွဲခံရသူ ၁၂၀ ကျော်အထိရှိလာ

မန္တလေးမှာ ၁၅ ရက်အတွင်း စစ်ကောင်စီရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူ  ၁၂၀ကျော်သွားပြီလို့  မန္တလေးသပိတ်အင်အားစုက  အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ဦး လက်နက်မဲ့အလင်းဝင်လာ

၏ မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်မ ( ၁၀၁ )လက်အောက်ခံ ခလရ ၂၅၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန် ဗျူဟာကုန်း ကာကင်းစခန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပန အမိန့်ပြန်တမ်း CDF-Asho ထုတ်ပြန်

မကွေးတိုင်း၊ ငဖဲမြို့နယ်အနောက်ခြမ်းက နတ်ရေကန် ကာကင်းစခန်းတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ကြောင်း Chin Defense Force (Asho) က အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူ-စေတုတ္တရာအစပ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တွေ တိုက်ပွဲပြင်းထန်နေ၊ နေအိမ်တွေ မီးလောင်ကာ ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပွင့်ဖြူနဲ့ စေတုတ္ထရာမြို့နယ်တို့မှာအကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြ​စ်က ပြောပါတယ်။
Read More

အုတ်ဖို ပဲခူးရိုးမအတွင်း ခရီးသွားလာခွင့် ခေတ္တပိတ်ပင် 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့အပိုင်ထဲက ပဲခူးရိုးမအတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် လမ်းခရီးသွားလာခွင့် ခေတ္တတားမြစ်ပိတ်ထားကြောင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။