မကွေးတိုင်း၊ မင်းတုန်းမြို့အဝင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၂ ယောက်ကို တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၆ နာရီခွဲလောက်မှာ မင်းတုန်းမြို့ပေါ်က ရဲတပ်သား ၂ ယောက် ဆက်ကြေးကောက်ဖို့ ထွက်လာချိန် အင်းလည်ကုန်းကျေးရွာနားအရောက်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၂ ယောက်ဖြစ်တဲ့ နေမင်းထက်နဲံ သန်းထိုက်စိုးတို့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ

“သူတို့က အဲဒီလမ်းပိုင်းမှာ ဂိတ်တွေချ၊ နေ့စဥ်ရက်ဆက်ကောက်၊ အဲ့လိုထိုင်ကောက်နေတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့က အဲဒီလမ်းပိုင်း‌ပေါ်မှာ သူတို့သတင်းရရင် ရသလို သူတို့ငွေလိုရင် လိုသလိုမျိုး သူတို့ထွက်ပြီးတော့ ကောက်နေတာပါ။ သူတို့တွေလာပြီးတော့ ဆက်ကြေးကောက်တယ်ဆိုတဲ့ သတင်းရတဲ့အတွက် ကျနော်တို့ တပ်စိပ်တစ်စိပ် သွားပြီးတော့ ကြိုတင်ကင်းပုန်းဝပ်ခဲ့ကြတာ။ သူတို့တွေက ၄/ ၅ ယောက် လာတတ်တယ်ပေါ့နော်။ အဲဒီနေ့ မနက်မှာတော့ ၂ ယောက်ပဲ လာပါတယ်” လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။

အဆိုပါ ရဲ ၂ ယောက်ထံက G 3 (၂) လက်၊ G 3 ကျည်ဘောက် (၂) ခု၊ G 3 ကျည် ၂၉ တောင့်၊ လက်ပစ်သီး ၁ လုံး၊ လက်ထိပ် ၁ ခု၊ ဖုန်း ၁ လုံးနဲ့ ငွေသား ၆၅၀၀၀ ကျပ်ကို သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး
တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး

“ကျနော်တို့ ဒီ သရက်၊၊ ကံမ၊ မင်းတုန်း အထူးသဖြင့် မင်းတုန်းမြို့နယ်ပေါ့နော်။ အဲ့ဥစ္စာတွေက စစ်ကောင်စီရဲ့ စားသောက်ကုန်၊ ရိက္ခာ၊ ဆေးဝါး၊ စက်သုံးစီ စသဖြင့် ဒါတွေကို ကျနော်တို့ ဖြတ်တောက်ခံထားရတယ်။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ဒေသတွေဖြစ်တယ်။ အဲ့တော့ အဲ့ဒေသတွေမှာ ကျနော်တို့ စားနပ်ရိက္ခာအတွက် ဆန်သယ်ကြတာရှိမယ်။ အရောင်းအဝယ်အတွက် ရိက္ခာသည်ကြတာတွေ ရှိမယ်။ ဒါတွေကို သူတို့တွေက ဆက်ကြေးကောက်တဲ့သဘောမျိုး ကောက်ကြတယ်။ ခြိမ်းခြောက်မှုတွေ လုပ်တဲ့သဘော” လို့ အထက်ပါ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်က တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲ ၂ ယောက်ရဲ့ ရုပ်အလောင်းကို လာရောက်ကောက်ယူသွားပြီလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ABSDF အမှတ် ၂ စစ်ကြောင်း လှုပ်ရှားနယ်မြေမှာ တော်လှန်ရေးရဲဘော် ၁၄၇ ယောက် သင်တန်းဆင်းခဲ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၂ စစ်ကြောင်းမှာ ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း ( ၂/၂၀၂၄ ) ၊ သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်က စစ်ကြောင်း ၂ လှုပ်ရှားနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း စစ်အုပ်စု သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား (၆၅) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၆၅) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

“လက်နက်ကိုင်လမ်းစဥ်မှအပ အခြားမရှိ” လမ်းစဉ် ကို ကိုင်စွဲထားသည့် ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့်ကို ဂုဏ်ယူကြောင်း TNLA သဝဏ်လွှာပေးပို့

“လက်နက်ကိုင် လမ်းစဥ်မှ အပ အခြားမရှိ”ဆိုတဲ့ယုံကြည်ချက်ကို လက်ကိုင်စွဲထားတဲ့ ကျောင်းသားလက်ရုံးတပ်တော်(SAF) ၄ နှစ်ပြည့်မြောက်ခြင်းကို ဂုဏ်ယူကြောင်း TNLA က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။
Read More

ချင်းပြည်နယ်အတွင်း ဒုတိယမြောက် မြို့သိမ်းတိုက်ပွဲအဖြစ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ BNRA ပါဝင်ခဲ့

ချင်းပြည်နယ်ရဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးမှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ချင်းညီနောင်နဲ့အတူ ဒုတိယမြောက်မြို့သိမ်းတိုက်ပွဲအဖြစ် ပါဝင်ခဲ့တယ်လို့ BNRA က အသိပေးထုတ်ပြန်ပါတယ်။