ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းတောင့်တနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ပင်လုံကတိကဝတ်ကို မမေ့မလျော့ဘဲ မဆုတ်မနစ် ကြိုးပမ်း တိုက်ပွဲဝင်နေမှုကို လေးစားဂုဏ်ယူတယ်လို့ CRPH က ဆိုပါတယ်။

ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ (၆၅) နှစ်တာ ကာလတစ်လျှောက်မှာ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ရတဲ့ ကချင်အမျိုးသားခေါင်းဆောင်ကြီးတွေ၊ ရဲဘော်တွေနဲ့ ကချင်ပြည်သူလူထုကိုလည်း ဦးညွှတ်အလေးပြုတယ်လို့ CRPH က ဖော်ပြထားပါတယ်။

ပုံစာ – KIO လက်အောက်ခံ KIA တပ်ဖွဲ့ဝင်များ

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကချင်လူထုအပါအဝင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုက အလွန်အရေးကြီးသလို တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တရားမျှတရေးကို အာမခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ဖို့ဟာ အားလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ CRPH က ဆိုပါတယ်။

CRPH အနေနဲ့ အဆိုပါ ရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ၊ တော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ အတူလက်တွဲ ချီတက်သွားမယ်လို့လည်း ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့ တော်လှန်ရေးအင်အားစုအားလုံးတို့ရဲ့ အဓိက ဘုံရည်မှန်း ချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အခြား မဟာမိတ် အင်အားစုတွေ အားလုံးနဲ့အတူ ပူးပေါင်းပြီး အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်ဆိုတာကို အလေးအနက်ယုံကြည်တယ်လို့လည်း CRPH ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းက ရဲဘော်တွေဟာ တိုက်ပွဲမဖြစ်ပွားတဲ့ စစ်ရေးအားလပ်ချိန်မှာ စိုးမိုးနယ်မြေအတွင်း ပြည်သူအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ယောဒေသတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဝိုင်းများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ယောတပ်တော် ပြော

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်း ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး ပြဿနာ အပါအဝင် လောင်းကစားဝိုင်းနဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပေါ် ထိန်းချုပ်နိုင်ဖို့ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ယောတပ်တော် (ခေါ်) Yaw Army (YA) က အသိပေးထုတ်ပြန်လာပါတယ်။
Read More

လက်ပံတန်းက စစ်ကောင်စီ လက်အောက်ခံရဲကင်း တိုက်ခိုက်ခံရ၊ ရဲနဲ့ပျူစောထီးအများအပြားသေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ကောင်စီ လက်အောက်ခံ ရဲကင်းကို PDFများကတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်(၂)တပ်ရင်းနှင့် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

အညာအခြေစိုက် တပ်ဖွဲ့ ၃ ဖွဲ့ ပူးပေါင်းလိုက်သည့် ထနောင်းမြေစစ်ကြောင်း

အညာဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ Anyar Federal Task Force (AFTF)၊ Freedom Fighter Guerrilla Force (FFGF) နဲ့ 8 STARS မြင်းခြံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထနောင်းမြေစစ်ကြောင်း (Acacla Column) အဖြစ် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
Read More

ကျောက်တော်မြို့နယ်အတွင်း စစ်တပ်က အရပ်သားပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယခုလပိုင်းများအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပါတယ်။ မနေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၇ ယောက်သေဆုံးပြီ၊ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်လ (၁၇) ရက်ကနေ (၂၃) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ယောက် သေဆုံးပြီး နေအိမ် (၅) လုံး ပျက်စီးကာ အရပ်သားလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။