အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ပြီး နိုင်ငံရေးအရ တရားဝင်မှုကို ဖန်တီးဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ငြင်းပယ်ဖို့ Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကနေ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလအက) အဖြစ် အမည်ပြောင်းလဲမှုကလည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့အနေနဲ့ တရားဝင်မှုရရှိရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းကို လှည့်စားဖို့ ပရိယာယ်တစ်ရပ်သာဖြစ်ကြောင်းကို အာဆီယံက ရှင်းလင်းစွာ ရှုမြင်သဘောပေါက်ဖို့ JFM က သတိပေးထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုကို ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကနေဒါ၊ အီးယူ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စု၊ အာဆီယံမိတ်ဖက်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု(နလအက)ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထည့်သွင်းဖို့ အရေးတကြီး ဖြည့်စွက်သင့်ပြီး မိမိတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားခြင်းမှ ကာကွယ်သင့်တယ်လို့လည်း JFM က ထောက်ပြထားပါတယ်။

အာဆီယံခေါင်းဆောင်တွေ စုစည်းတွေ့ဆုံချိန်မှာ သူတို့အနေနဲ့ တရားမဝင်စစ်အုပ်စုက ကျင်းပပေးတဲ့ လွတ်လပ် မျှတပြီး ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့အချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ရမယ်လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
“စစ်အုပ်စုရဲ့ အမည်ခံရွေးကောက်ပွဲက ဒီမိုကရေစီကိုဦးတည်တဲ့ လမ်းကြောင်းတစ်ရပ် မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို မှားယွင်းစွာ တရားဝင်မှုပေးနိုင်ဖို့အတွက် စစ်အုပ်စုက ဒီဇိုင်းဆွဲထားတဲ့ လှည့်ကွက်တစ်ခုသာဖြစ်ပါတယ်”လို့ မရတနာမောင်က ပြောပါတယ်။
မြန်မာပြည်သူတွေက ပြတ်ပြတ်သားသား ငြင်းပယ်ထားပြီးဖြစ်တဲ့ တရားမဝင်စစ်အုပ်စုက သေနတ်ထောက်ကျင်းပတဲ့ ရေးကောက်ပွဲတစ်ရပ်ဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့လည်း JFM က ဆိုပါတယ်။

“အာဆီယံအနေနဲ့ ဒီအတုအယောင်လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ငြင်းပယ်ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲစောင့်ကြည့်သူများ စေလွှတ်ခြင်း မပြုရမယ့်အပြင်၊ စစ်အုပ်စုကို တရားဝင်မှုဖြစ်စေမယ့် ဘယ်နည်းလမ်းကိုမဆို ငြင်းဆန်ရမှာ ဖြစ်တယ်” လို့ မရတနာမောင်က ဆက်ပြောပါတယ်။

ကော်ပိုရိတ်ကြံရာပါမှုတွေ ဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့ရာရောက်ပြီး အာဆီယံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ငွေကြေး၊ လေယာဉ်ဆီနဲ့ နည်းပညာစီးဝင်မှု လမ်းကြောင်းတွေ ဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တွန်းအားပေးခြင်းနဲ့ ဖြေရှင်းရမှာလည်း ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

“အာဆီယံအနေနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကနေ မြန်မာပြည်သူတွေသာမက ဒေသတွင်းနဲ့ ဒေသပြင်ပက နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ သားကောင်တွေကိုပါ ကာကွယ်နိုင်ဖို့အတွက် မိမိတို့တာဝန်ဝတ္တရားများကို ဖြည့်ဆည်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ မရတနာမောင်က ပြောပါတယ်။
0 Shares:
You May Also Like
Read More

အရပ်သားတွေကို တိုက်ခိုက်ရာတွင် စစ်တပ်က အသုံးပြုနေသည့် ကပစ-၂၁ က လေကြောင်းတိုက်ခိုက်ရေးဗုံးများ ထုတ်လုပ်မှုကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီက ကူညီထောက်ပံ့ပေးနေ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

အလုပ်သမားညီလာခံ ပြုလုပ်နေသည့် ကုလရုံးချုပ်ရှေ့တွင် စစ်ကောင်စီကို Article 33 အရ အရေးယူရေး ဆန္ဒပြ

ကမ္ဘာ့ကုလသမဂ္ဂ အဆောက်အအုံ ပြင်ပရှိ Broken Chair အောက်မှာ အကြမ်းဖက်စစ်ကောင်စီကို Article 33 အရ အရေးယူနိုင်ရေးအတွက် ဆန္ဒပြပွဲကို ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအလုပ်သမားညီလာခံ (113th ILC) ပြုလုပ်တဲ့နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။