ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်၊ ရေလဲကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ (၂၀) ရက် မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း နေထိုင်တဲ့ (၈၇)နှစ်အရွယ်အမျိုးသား၊ (၂၃) နှစ်အရွယ် အမျိုးသမီးနဲ့ (၁၄)နှစ်အရွယ် လူငယ်တို့ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတစ်ဝန်း သူတို့မထိန်းချုပ်ထားနိုင်တဲ့နေရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ခြေလျင်စစ်ကြောင်းထိုးတာတွေကိုပါ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး နေ့စဥ်နဲ့အမျှ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ (ဓာတ်ပုံ KNU)
အကြမ်းဖက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ (ဓာတ်ပုံ KNU)
0 Shares:
You May Also Like
Read More

၃ ကြိမ်မြောက် ကြိုးစားမှုမှာ ထွက်ပြေးလွတ်မြောက်လာပြီးနောက် တော်လှန်ရေးမှာ ပါဝင်မည့် စစ်ကောင်စီတပ်သား

ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ဖြစ်ပွားနေတဲ့ ညောက်ကျိုးတိုက်ပွဲကနေ စစ်ကောင်စီတပ်သား ၁ယောက် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ပဲခူးအနောက်ခြမ်း အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုထံ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ သိရပါတယ်။ 
Read More

တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်အုပ်စုအဖွဲ့ဝင် အလောင်း ၆ ‌လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီတွေ ရာနှုန်းပြည့်ရောက်ဖို့ လုပ်ဆောင်မည်ဟု NUG အသိပေး

ငလျင်ဒဏ်သင့် ပြည်သူတွေဆီ အကူအညီရာနှုန်းပြည့် ရောက်ရှိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့  NUG ယာယီသမ္မတက ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်မှာ စစ်အာဏာရှင်အလုံးစုံပပျောက်ရေး ဆောင်ရွက်နေတဲ့ AA ကို ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်ရှိ မရှီကထောင်ရပ်ကွက်၊ ယူမာကျေးရွာအဝင် တံတားလေးအနီးမှာ သေဆုံးနေတဲ့ အမျိုးသား ရုပ်အလောင်းတစ်ခု ထပ်မံတွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။