မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို အကြမ်းဖက်စစ်တပ်က ထိတွေ့တိုက်ပွဲမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးတဲ့ လူငယ် ၁ ယောက်ကိုလည်း လိုက်လံပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်ကော်မရှင်တပ်က အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက်လာချိန် ရွာထဲက ထန်းရည်ဆိုင်မှာ ထိုင်နေတဲ့ လူငယ်တစ်ယောက်က ကြောက်လန့်ပြီး ထွက်ပြေးတာကြောင့် အကြမ်းဖက်စစ်သားတွေက လိုက်လံပစ်ခတ်ခဲ့တဲ့အတွက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က စစ်သားတွေ အလုံးအရင်းနဲ့ ဝင်လာတယ်။ ဝင်လာပြီးတော့ ရွာထဲကို လိုက်ရှာတယ်။ ဘာရှာလဲတော့ မသိဘူး။ လူငယ်တစ်ယောက်က ကြောက်ပြီးတော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့အချိန်မှာ သူတို့ ပစ်လိုက်တယ်။ ပစ်တော့ ရှပ်ထိသွားတယ်။ သူတို့က လာတယ်။ လာပြီးရင် ပြန်သွားတယ်။ ရှောင်တခင် ပုံစံမျိုးနဲ့ ရွာထဲကို ဝင်ပြီးရှာတယ်။ ဘာရှာလဲတော့ မသိဘူး” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အခုလို ရွာထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် ကျေးရွာနေ ဒေသခံတွေဟာ တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြသလို ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကိုလည်း ကြောက်လန့်နေကြတယ်လို့ သိရပါတယ်။

အထက်ပါ နယ်ခံကပဲ “သူတို့က ၃၅ နှစ်နဲ့ ၃၅ နှစ်အောက်ကို သူတို့ ဖမ်းဖို့အစီအစဥ်ရှိတယ်။ သူတို့ ကျေးရွာတွေကို ဖမ်းဖို့ အစီအစဥ်ရှိထားတယ်။ ဒါတွေက အစကတည်းက plan ရှိပြီးသား။ သူတို့စပြီး အကောင်အထည်ဖော်တော့မယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က အလူးလေးရှာထဲကို ထိတွေ့တိုက်ပွဲမရှိဘဲ နေ့စဥ်နီးပါး လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၇ရက်နေ့ကလည်း ဆင်အင်းကျေးရွာအုပ်စုက လူငယ်တစ်ယောက်ဟာ တောင်စွန်းနဲ့ ဆင်းအင်းကျေးရွာအုပ်စုကြား သင်္ချိုင်းကုန်းအရောက်မှာ စစ်ကော်မရှင်တပ်နဲ့ အုပ်ချုပ်ရေးမှူးတို့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး သိန်း ၃၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး ရုံးအဖွဲ့က တာဝန်ခံအသီးသီးနဲ့ ပကဖ ရုံး လက်ရုံးတပ်ဖွဲ့တွေ စုပေါင်းပြီး ပကဖ ၃ နှစ်ပြည့်အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အပတ်စဉ် (၇) အခြေခံစစ်သင်တန်းကာလ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်း အပတ်စဉ် (၇) ရဲ့ စစ်သင်တန်းကာလပုံရိပ်တွေကို အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မကွေးတိုင်းအတွင်း စစ်အုပ်စုကြောင့် ပြည်သူ ၁၅၄ ဦး သေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

မကွေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ၇ လခွဲခန့်ကာလမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ ၁၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်တွင် စစ်တပ် ပစ်ခတ်မှုကြောင့် မိဘ ၂ ပါး သေဆုံးကာ သားနှင့်သမီး ကျန်ရစ်ခဲ့

ပဲခူးတိုင်း၊ ကြိုပင်ကောက်မြို့နယ်က ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဇနီးမောင်နှံ သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။