မြန်မာနိုင်မှာ စစ်အုပ်ချုပ်ရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံတကာဖိအားတွေ လျှော့ချဖို့ကိုသာ ရည်ရွယ်ထားတဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်တွေ ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောဆိုလိုက်ပါတယ်။

၄၇ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ကုလ ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က အာဆီယံဟာ မြန်မာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာပိုင်းမှာ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီလို့ ပြောဆိုထားပါတယ်။

“စစ်အာဏာသိမ်းအစိုးရက လွန်ခဲ့တဲ့ လေးနှစ်ကျော်က လက်မှတ်ရေးထိုးခဲ့တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို လေးစားမှုမရှိဘဲ ပစ်ပယ်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားများစွာကို ထောင်ထဲမှာ ချုပ်နှောင်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်တို့ကို တားမြစ်ကာ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန် စစ်အုပ်စုက အာဆီယံကို လှည့်စားမယ့် ရွေးကောက်ပွဲတစ်ခုကို တရားဝင်အသိအမှတ်ပြုဖို့ လိုလားနေပါတယ်” လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ စစ်ကော်မရှင်ရဲ့ လှည့်စားမှုကို တရားဝင်ဖြစ်စေမယ့် ဘယ်လိုအရာကို မဆို ရှောင်ရှားရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်ခြင်းကလည်း ရှောင်ရှားရမယ့်အထဲ ပါဝင်တယ်လို့ ကုလ အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တွမ်အင်ဒရူးစ်က “စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းက မြန်မာနိုင်ငံကို နောက်ပြန်ဆုတ်သွားစေပြီး သူတို့ (စစ်အုပ်စု) ရဲ့ အပြစ်တွေကို ကာကွယ်ပေးရာရောက်သွားမယ်”လို့ ပြောဆိုထားပါတယ်။

လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးဟာ အာဆီယံရဲ့ ယုံကြည်ကိုးစားနိုင်မှုကို အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့် ဖြစ်သလို အာဆီယံအနေနဲ့ မြန်မာစစ်အုပ်စုဆီကနေ တာဝန်ခံမှု တောင်းဆိုဖို့၊ အကြမ်းဖက်မှု အဆုံးသတ်ဖို့၊ သက်ဆိုင်သူ အားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ အတား အဆီးမရှိ ဝင်ရောက်ခွင့်ပေးဖို့တို့ကို တောင်းဆိုကာ ခေါင်းဆောင်မှုပြသဖို့ အာဆီယံကို မြန်မာပြည်သူတွေ မျှော်လင့်နေကြောင်း တွမ်အင်ဒရူးစ်က ပြောဆိုထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လာမယ့် ဒီဇင်ဘာမှာ အတုအယောင်ရွေးကောက်ပွဲကို ပြုလုပ်ဖို့ ပြင်ဆင်နေပြီး အဲဒီအတုအယောင်ရွေးကောက်ပွဲကို မြန်မာနိုင်ငံတဝန်းမှာသာမကဘဲ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်မာလူမျိုးတွေကလည်း ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

0 Shares:
You May Also Like
Read More

ဝိုင်းဝန်းကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီ အာဆီယံအစည်းအဝေး ၅၀၀ ကျော် တက်ရောက်ခွင့်ရခဲ့

အာဆီယံအစည်းအဝေးတချို့မှာ စစ်အုပ်စု ပါ၀င်တက်ရောက်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၃၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
Read More

AA ဟာ ရိုဟင်ဂျာမွတ်ဆလင်များကို ဖိနှိပ်နေတယ်လို့ HRW ထပ်မံစွပ်စွဲထား

မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော် (AA) ဟာ ရိုဟင်ဂျာတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်မှုတွေချမှတ်ထားပြီး အနိုင်ကျင့်မှုတွေ ကျူးလွန်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၈ ရက်မှာ စွပ်စွဲထားပါတယ်။
Read More

သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းတိုက်လေယာဉ်နှစ်စင်း နယ်စပ်ကင်းလှည့်

မြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်ကင်းလှည့်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှတဆင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ကုလအကြီးအကဲ ပြော၊ AA နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရမည်ဟု ဆို

ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာကို လူသားချင်းစာနာမှု အကူအညီပေးရေး လမ်းကြောင်းဖောက်ဖို့ ဖြစ်နိုင်ခြေကို ရှာဖွေနေကြောင်း အကြီးအကဲ အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၅ ရက်မှာ ပြောပါတယ်။
Read More

အပစ်ရပ်ထားသည့် စစ်ကောင်စီ နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေဟု ကုလ ထုတ်ပြန်

အပစ်ရပ်ထားတဲ့ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကာစီနိုနဲ့ လောင်းကစားဥပဒေကြမ်းကို ထိုင်းအစိုးရ အတည်ပြု

ထိုင်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွေ တည်ထောင်ဖို့နဲ့ ကာစီနိုတွေကို တရားဝင်လည်ပတ်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ်ကို ထိုင်းအစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက် တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။