အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပစ်အခတ်ရပ်စဲသွားပြီး ကမ္ဘာပေါ်က စစ်ဒဏ်သင့်နေရာတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ပုပ်ရဟန်းမင်းကြီးက အောက်တိုဘာလ ၁၉ ရက်မှာ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Vatican News မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့ (World Mission Sunday) က စိန့်ပီတာရင်ပြင်မှာ လူတွေ ဝတ်ပြုပူဇော်ပြီးနောက်မှာ ပုပ်ရဟန်းမင်းကြီး လီယို (၁၄) က တကမ္ဘာလုံး ငြိမ်းချမ်းရေးရဖို့ ဆုတောင်းပေးခဲ့တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ မေလကစလို့ ပဋိပက္ခတွေ ကြီးမြင့်ဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်မကင်းကြောင်း သူက ထုတ်ဖော်ပြောဆိုခဲ့ပြီး မြန်မာပြည်သတင်းတွေဟာ “စိတ်မချမ်းမြေ့စရာ” ဖြစ်တယ်လို့ သူကဆိုပါတယ်။

သူဟာ အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်မှုနဲ့ ဒုက္ခဆင်းရဲမှုတွေကြောင့် ထိခိုက်ခံစားနေရသူအားလုံးကို သူ့ရင်ထဲကနေ ချစ်ခြင်းဂရုဏာ ထားရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ကျွန်ုပ်အနေနဲ့ ချက်ချင်းထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးရဖို့အတွက် စိတ်ရင်းအမှန်နဲ့ ထပ်မံတောင်းဆိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။

“စစ်လက်နက်ပစ္စည်းတွေအစား အားလုံးပါဝင်နိုင်မယ့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကတဆင့် ငြိမ်းချမ်းရေးကို အစားထိုးနိုင်ပါစေ” လို့ သူက ဆုတောင်းခဲ့ပါတယ်။

အဲဒီနောက် ပုပ်ရဟန်းမင်းကြီးက သန့်ရှင်းသောမြေ (အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဒေသ)၊ ယူကရိန်းနဲ့ အခြားစစ်ဒဏ်သင့် ဒေသတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းခဲ့ပြီး “ခေါင်းဆောင်အားလုံးကို တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရှာဖွေရာမှာ ရှေ့ဆက်နိုင်ဖို့အတွက် ဉာဏ်ပညာနဲ့ ဇွဲလုံ့လကို ဘုရားသခင်က ပေးသနားတော်မူပါစေ” လို့ ဆုတောင်းပေးခဲ့ပါတယ်။

မူရင်းသတင်း – Pope Leo appeals for ceasefire in Myanmar, peace in war-torn lands

0 Shares:
You May Also Like
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

မြန်မာပြည်သူ ၆၅ ယောက် ဘင်္ဂလားဒေ့ရှ်ထဲ ထွက်ပြေးဝင်ရောက်လာကြောင်း ဘင်္ဂလားဒေ့ရှ်အရာရှိပြော

ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံသား ၆၅ ယောက်ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို နိုဝင်ဘာ ၁၈ ရက်နေ့က တရားမဝင် နယ်စပ်ဖြတ်‌ကျော် ထွက်ပြေးဝင်ရောက်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်ဒေသဆိုင်ရာ အရာရှိတွေက ပြောဆိုထားကြောင်း The Business Standard မှာ ဖော်ပြထားပါတယ်။
Read More

တရားမဝင် မြန်မာလုပ်သားများကို မြန်မာစစ်တပ်ထံ ပြန်လည်မပို့ဆောင်ရန် ထိုင်းအစိုးရကို CRPH တောင်းဆို 

ထိုင်းအစိုးရအနေနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်စစ်တပ်ထံ ပြန်မပို့ဘဲ NUG ၊ CRPH နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထံ လွှဲပြောင်းပေးဖို့ CRPH နဲ့ တော်လှန်ရေး အင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်စဉ် အကူအညီပေးအပ်ခဲ့သည့် အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်း မင်းအောင်လှိုင် ပြော

နိုင်ငံတစ်ဝန်း ငလျင်ဘေးသင့်စဉ် အကူအညီတွေ ပေးအပ်ခဲ့တဲ့ အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ထိုင်းမှာ ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့လို့ လွတ်မြောက်လာသည့် မြန်မာ ၉၉ ယောက် ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခံရ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၉၉ ယောက်ကို မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဆီ ပြန်လည်ပို့ဆောင်လိုက်တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ပါတယ်။
Read More

တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု လာအိုကန့်သတ်

မြန်မာပြည်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်စပ်၊ တာချီလိတ်မြို့ကို ဓာတ်အားပေးဝေမှု ကန့်သတ်ကြောင်း လာအိုအစိုးရက ဖေဖော်ဝါရီလ ၆ ရက်မှာ ပြောဆိုခဲ့တယ်လို့ တရုတ်သတင်း Xinhua က ဖော်ပြပါတယ်။