စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် သေဆုံးသူ ၁၂ယောက်ရှိခဲ့ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၁၂ယောက်ဟာ နိုင်ငံရေးအကျဉ်းသား() ယောက်၊ နိုင်ငံရေးအကျဉ်းသူ () ယောက်၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) () ယောက်တို့ဖြစ်ပြီးဒီစာရင်းဟာ၂၀၂၄၊ဇန်နဝါရီလ၁ရက်နေ့ကနေစက်တင်ဘာ ၃၀ ရက်နေ့ထိ ပြုစုထားတာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ စပြီးတော့ အကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ နေရာတွေ ဖြစ်နေပါတယ်။ ဒါဟာ ငြင်းဆန်လို့ မရတဲ့ အမှန်တရားပါပဲ။ တစ်ဖက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မပေးတာကြောင့် သေဆုံးမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။လို့ PPNM ကကိုသိုက်ထွန်းဦးကမောင်းကိုပြောပါတယ်။

လုံလောက်တဲ့ဆေးဝါးစောင့်ရှောက်ခွင့်မပေးခဲ့တဲ့အကျဉ်းထောင်တွေကတော့ကျိုက်မရောအကျဉ်းထောင်၊မကွေးအကျဉ်းထောင်၊ကလေးအကျဉ်းထောင်၊မန္တလေးအိုးဘိုအကျဉ်းထောင်၊ဒိုက်ဦးအကျဉ်းထောင်၊သရက်ထောင်၊အင်းစိန်ထောင်၊သထုံထောင်စတဲ့အကျဉ်းထောင်တွေပဲဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းတဲ့အကျဉ်းသားတွေကိုမိသားစုဝင်တွေကထောင်ဝင်စာပို့တဲ့အခါနိုင်ငံခြားဖြစ်ဆေးဝါးတွေကိုအကျဉ်းထောင်ဘက်ကလက်ခံဖို့လိုအပ်ပြီးအရေးပေါ်အခြေအနေဆိုရင်အချိန်နဲ့တပြေးညီပြင်ပဆေးရုံတွေမှာဆေးကုသခွင့်လိုအပ်ကြောင်းကိုသိုက်ထွန်းဦးကထောက်ပြပြောဆိုပြီး

ICRC ကဲ့သို့အဖွဲ့အစည်းတွေအနေနဲ့လည်းအကျဉ်းထောင်တွေထဲကိုအမြန်ဆုံးဝင်ရောက်ဖို့ကြိုးစားဖို့လိုကြောင်းတိုက်တွန်းပြောဆိုပါတယ်။

ထောင်တွင်းမှာ သေဆုံးခဲ့ရသူများစွာ ရှိနေတဲ့ မြန်မာပြည်အကျဉ်းထောင်တွေဟာ ရှေ့တန်းစစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကျဉ်းသားတွေကို သတ်ဖြတ်နေပြီး ဆေးဝါးလုံလောက်မှုနဲ့ ဆရာဝန်လုံလောက်မှုမရှိတဲ့ ထောင်ဆေးရုံတွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ မသေဆုံးခင် ယာယီထားတဲ့ နေရာတွေ ဖြစ်နေတယ်လို့ PPNM ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အကျဉ်းထောင်တွေကို လိုက်လံစစ်ဆေးခဲ့စဉ်

0 Shares:
You May Also Like
Read More

Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာန​ရဲ့ ဌာနမှူးတွေနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာဆို ခန့်အပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းရွာကို မီးဝင်ရှို့ရင်း အသက် ၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းက သဖန်းကျေးရွာကို မီးရှို့ဖျက်ဆီးကာ အသက်၇၀အရွယ် အဘိုးအိုတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ထားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကရင်ပြည်နယ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ တော်နော်ရေတံခွန်အနီးမှာ နိုဝင်ဘာလ ၄ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ငလျင်ဘေးသင့် ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမည်ဆိုလျှင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးမည်ဟု IEC အသိပေးကြေညာ၊ ငလျင်ဘေးကို အကြောင်းပြု ပိုမိုဆိုးရွားတဲ့ ဖိနှိပ်ကန့်သတ်မှုများ လုပ်ဆောင်လာနိုင်သည်ကိုလည်း သတိကြီးစွာ တုံ့ပြန်ဖို့ IEC သတိပေး

ငလျင်ဒဏ်ခံ ပြည်သူတွေအနေနဲ့ ကရင်နီပြည်ကို လာရောက်ခိုလှုံမယ်ဆိုရင် အတက်နိုင်ဆုံး ကြိုဆိုပံ့ပိုးပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီနေ့မှာ အသိပေးကြေညာထားပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။