မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့  စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၇ရက်၊ ညနေပိုင်းက မြိုင်မြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာကနေ ကင်းပုန်း ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ယောက်ခန့်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကြိုထောင်ထားတဲ့ နင်းမိုင်းတွေ နင်းမိပြီး ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖရဲ့ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၇ရက် မနက်အစောပိုင်းကစလို့ တွင်းမပျူရွာကနေ ပခုက္ကူ-ကမ္မလမ်းပိုင်း၊ ကမ္မအရှေ့ဘက်မှာရှိတဲ့ ညောင်ဂျစ်ပင် ပျူရွာဆီ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ပထမဦးဆုံး မိုင်းဆွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မိုင်းဆွဲကြိုးတွေကို စစ်ကောင်စီတပ်က ဖြတ်တောက်ခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်တော်လှန်ရေးတပ်တွေက ရှေ့ကနေ ကြိုတင်နေရာယူစောင့်ဆိုင်းပြီး မိုင်းဆွဲဖို့ကြိုးစားခဲ့ပြန်ရာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ၆၀မမ ပစ်ခတ်မှုကြောင့် မိုင်းတွေကို ထောင်ထားရင်းနဲ့ပဲ ထပ်မံဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့မိုင်းတွေကို ညောင်ဂျစ်ပင်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၁၀ယောက်နီးပါးက ညောင်ဂျစ်ပင်ပျူစခန်းကအထွက် လမ်းမှာနင်းမိပြီး နေရာတင် ၅ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေကို ညောင်ဂျစ်ပင်ရွာကို ပြန်လည်သယ်ဆောင်သွားကြတယ်လို့ မြိုင်ပကဖ က ပြောပါတယ်။

နောက်တစ်နေ့မနက်ပိုင်းမှာတော့ မိုင်းထောင်ထားရာ နေရာဆီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ရှင်းလင်းခဲ့ပြီး ကျည် (၃၄) တောင့်ပါ G3 သေနတ် ၁လက်၊ MA ကျည်ဘောက် (၁) ဘောက်နဲ့ ၅.၅၆ ကျည် (၃၆၂) တောင့်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အင်အား (၃၀၀) ပါ  အထက်ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ညောင်ဂျစ်ပင်ရွာကနေ ပခုက္ကူတပ်မ ၁၀၁ ကို ယာဉ်တန်းနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ 

မိုင်းတွေကို မြိုင်ပကဖနဲ့အတူ ဧရာဒေါင်းပြောက်ကျားတပ်ဖွဲ့၊ BLY ပြောက်ကျားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့က ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းသင်တန်းသားတွေကို ထောက်ပံ့ဖို့ဆိုပြီး ဧရာဝတီတိုင်းထဲမှာ ပိုက်ဆံကောက်နေ

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုတွေ လုပ်နေတဲ့အပြင် စစ်သင်တန်းသားတွေအတွက် ထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ငွေကြေးကောက်ခံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) ရဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ကြီးမှူးကျင်းပတဲ့ အပတ်စဉ် (၃) တိုက်ခိုက်ရေးတန်းမြှင့် စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ကရင်နီဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ဆုံးပြီဟု သတင်းများထွက်ပေါ်ခဲ့

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ အမှတ်(၂) စစ်ဆေးရုံ ခုတင် (၁၀၀၀)မှာ သေဆုံးသွားပြီလို့ သူနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ်တွင် စစ်အုပ်စု ဆိုးဆိုးရွားရွား ပေါ်တာဆွဲဖမ်းဆီးနေ၊ စစ်ရှောင်ဘုန်းကြီးကျောင်းကိုလည်း သေနတ်ဖောက် ဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော်ကို ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေသလို စစ်ဘေးရှောင်ဘုန်းကြီးကျောင်းတစ်ခုကိုလည်း သေနတ်ပစ်ဖောက် စီးနင်းခဲ့တယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။