စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်းက ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေနဲ့ ဆရာဆရာမတွေအပါအဝင် ကျောင်းသူကျောင်းသားတွေကို ထောက်ပံ့ကူညီမှုတွေနဲ့ အသိပညာပေးဟောပြောမှုတွေကို အခု စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးတာဝန်ခံနဲ့ အမျိုးသမီးရေးရာတာဝန်ခံတို့ အတူပူးပေါင်းပြီး ကျေးရွာလူထု၊ ဆရာဆရာမနဲ့ ကျောင်းသားကျောင်းသူတွေကို အာဟာရကျွေးမွေးတာ၊ စာရေးကိရိယာထောက်ပံ့တာတွေအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ထောက်ပံ့ငွေပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးရေးရာတာဝန်ခံနဲ့ လူ့အခွင့်ရေးရာတာဝန်ခံတွေ ပူးပေါင်းပြီး မိုင်းအန္တရာယ်ကာကွယ်ခြင်း၊ လေကြောင်းအန္တရာယ်ကာကွယ်ခြင်းနဲ့  UDHR၊ Child  Right တို့ကို ဟောပြောဆွေးနွေးခြင်းတွေ လုပ်ဆောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း Handbook (၈၀) အုပ်ကို ပေးဝေခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲကိုတက်ရောက်လာတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူတွေကလည်း ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး သိခွင့်ရတာကြောင့်  အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်သလို ကိုယ်တိုင်လည်းကာကွယ်နိုင်ကြောင်းနဲ့ လူ့အခွင့်အရေးအခြေခံတွေကိုသိရတဲ့အတွက် ကိုယ့်အခွင့်အရေးတွေအပြင် တခြားသူရဲ့ အခွင့်အရေးကို လေးစားရမယ်ဆိုတာ သိရှိလာရကြောင်း မှတ်ချက်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး” အတွက် ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်သစ်တွေ ခေါ်ယူနေ

"မြန်မာပြည်အလယ်ပိုင်းထိုးဖောက်ဝင်ရောက်နိုင်ရေး" အတွက် အတူ လက်တွဲ တိုက်ပွဲဝင်ဖို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ရဲဘော်သစ်တွေ ခေါ်ယူနေပါတယ်။
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

စစ်ကျွန်ဇာတ်သွင်းတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအတွက် အိမ်တွင်းသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက်စစ်ကောင်စီရဲ့ ထွက်ပေါက်တစ်ခုဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲ သွားရာလမ်းကြောင်းဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို ကန့်ကွက်ကြောင်းနဲ့ ဒီလို စစ်ကျွန်ဇာတ်သွင်းနေမှုကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့နေ တော်လှန်ပြည်သူတွေက အိမ်တွင်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
Read More

KNDF တပ်ရင်းအမှတ် (၁၇) ရဲ့ (၃) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနား… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ၁၇ ) တည်ထောင်ခဲ့ခြင်း ( ၃ ) နှစ်ပြည့် တပ်ရင်းမွေးနေ့အခမ်းအနားကို နိုဝင်ဘာလ(၃၀) ရက်က ကရင်နီပြည် ၊ ရှားတောမြို့နယ် တစ်နေရာရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီ PDF ၏ အပတ်စဥ် (၁)အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်၊ ဧရာဝတီတိုင်းစစ်ဌာန၊ ဧရာဝတီ PDF က အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။