မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၄ရက်နေ့က ဂန့်ဂေါခရိုင်အတွင်း ကျေးရွာတွေမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် ဒေသအခေါ် သံဘောင်တံတားနဲ့ လယ်ကြီးအိုင်ကျေးရွာကြား တစ်နေရာမှာ ကတ္တရာကားလမ်း မြေပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“၂၄ ရက်နေ့ကနေ ဆက်တိုက် နေ့၊ ည မပြတ် သည်းထန်စွာ ရွာတာခင်ဗျ.. ဆက်တိုက်ရွာနေတော့ ဒီမနက်ပိုင်းကနေစပြီး ကတ္တရာလမ်းက အက်ကြောင်းတွေ ပေါ်လာနေတာပါ။ ကားလမ်းကလည်း ပိန်းချောင်းဘေးကပ်လျက် ဖြစ်နေတော့ နေ့လယ်လောက် တောင်ကျရေတွေ များလာပြီး မြေပြိုမှုတွေဖြစ်ပြီး ပြိုဆင်းသွားတာပါ” လို့ ယောနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ရေတိုက်စားမှုကြောင့် မြေပြိုကျသွားတဲ့ ဆော-ကျောက်ထု-မင်းတပ် လမ်းပိုင်းဟာ အဓိက လမ်းမကြီးဖြစ်ပြီး လက်ရှိမှာ ကား၊ ဆိုင်ကယ် ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ သိရပါတယ်။

“ဆော-ကျောက်ထု-မင်းတပ် ဒီဟာတွေက အဓိက မိန်းလမ်းဗျ။ မြေပြိုမှုဖြစ်သွားတဲ့အတွက် ဆော-ကျောက်ထု-မင်းတပ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းမှာ ဆိုင်ကယ်တောင် ဖြတ်သန်းသွားလာလို့ မရဘူး။ ဒီမြေပြိုတာကတော့ ကားတွေပါသွားတာ ဆိုင်ကယ်တွေပါသွားတာ မရှိလိုက်ဘူး။ မနက်ပိုင်းကတည်းက မြေပက်ကြားအက်နေတာ့ ဘယ်သူမှ မသွားလာကြဘူး” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းကလည်း မိုးသန်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်ထုတိုက်နယ် ချောင်းခွ၊ လယ်ကြီးအိုင်၊ တောင်ဇလပ်စစ်ရှောင်စခန်းတို့ ရေကြီးရေလျှံမှု ဖြစ်ပွားကာ စစ်ရှောင်အမျိုးသမီးတစ်ယောက်နဲ့ ကလေးဖြစ်သူ ရေထဲမျောပါသွားခဲ့သေးတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေး PDF ထိန်းချုပ်ရာနယ်မြေတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းကြည့်ရှုခဲ့

မန္တလေး PDF ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် သွားရောက်ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ စစ်အာဏာရှင်သပိတ်တွေကို စဉ်ဆက်မပြတ် လှုပ်ရှားဦးဆောင်နေတဲ့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြလာပါတယ်။
Read More

ရက် ၂၀ကြာ စစ်ကြောင်းထိုးသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၁၅ ဦး သေပြီး အများပြားဒဏ်ရာရ

မကွေးတိုင်း၊ မကွေးခရိုင်၊ ရေနံချောင်းမြို့နယ်မှာ ရက် ၂၀ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က  ၁၅ယောက် သေဆုံးခဲ့တယ်လို့ Yennanthar Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းတွင် နိုဝင်ဘာလအတွင်း အရပ်သား ၃၀ နီးပါး ပေါ်တာဆွဲခံရပြီး အဆမတန် ငွေညှစ်ခံရသူ ၂ ဦးသာ ပြန်လွတ်လာ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ နိုဝင်ဘာလ တစ်လတည်းအတွင်း လူငယ် ၂၉ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ငွေပေးနိုင်သူ ၂ယောက်သာ လွတ်မြောက်ကာ ကျန်တဲ့သူတွေ စစ်သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ပြည်သူ့ညီနောင် - စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ ဗုံးသီးအလုံးရေ ၇၀ နီးပါး ကြဲချတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ဗုံးသီးအလုံးရေ ၇ဝ လောက် ကြဲချပြီး တိုက်ခိုက်သွားတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

ရွှေဘိုနှင့် နေပြည်တော်အနီး ရစ်ချက်တာစကေး ၅.၄ နှင့် ၄.၂ အဆင့်ရှိ ငလျင်များ လှုပ်ခတ်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနီးနဲ့ နေပြည်တော်အနီးမှာ ရစ်ချက်တာစကေး ၅.၄ နဲ့ ၄.၂ အဆင့်ရှိ ငလျင်တွေ လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။