ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို အဓမ္မကျင့် သတ်ဖြတ်မှုနဲ့ သံဃာ ၁ ပါးအပါအဝင် အရပ်သား ၃ ယောက်ကို သတ်ဖြတ်ခဲ့မှုအပေါ် ကမ္ဘာ့နိုင်ငံတွေ အရေးယူပေးဖို့ တောင်းဆိုကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်သားတွေက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ကာ သံဃာတစ်ပါးနဲ့ တခြားရွာသား ၂ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

နားအိုက်ခန့်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါးစစ်ရှောင်သွားပေမယ့် ကျန်းမာရေးမကောင်းတဲ့ ဆရာတော်ကို ပြုစုဖို့ကျန်ရစ်ခဲ့တဲ့ သံဃာတော်တစ်ပါးကို အကြမ်းဖက်စစ်ကြောင်းက ရွာထဲ ဝင်ရောက်လာပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်သားတွေဟာ အနီးအနားရှိ လယ်တဲမှာ တိမ်းရှောင်နေတဲ့ မိသားစု ၃ ယောက်ထဲက မိခင်ဖြစ်သူနဲ့ သားငယ်ကို နေရာမှာတင် ပစ်သတ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ သမီးဖြစ်သူ မိန်းကလေးကိုတော့  အဓမ္မ ပြုကျင့်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ဘဲ အရေးယူပေးဖို့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ဖော်ပြထားပါတယ်။

သျှမ်းကျောင်းသားသမဂ္ဂအနေနဲ့ လည်း ပြည်သူ‌တွေကို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ရရာနည်းနဲ့ အပြစ်ပေးအရေးယူသွားနိုင်ဖို့ ကူညီပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစု၏ KMDF စခန်းကို မီးရှို့ဖျက်ဆီး၊ လက်နက်ခဲယမ်း ကျပ်သိန်း ၄၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်က ကမ္မတပ်ပေါင်းစုရဲ့ Kamma Defence Force (KMDF) စခန်းကို မီးရှို့ဖျက်ဆီးခဲ့သလို လက်ရှိအချိန်အထိ ဆက်လက်စစ်ကြောင်းထိုးနေကြောင်း မြေပြင်​တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

NUG ရဲ့ ကောလင်းမြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကောလင်း မြို့နယ် သယံဇာတကော်မတီအတွင်းရေးမှူး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
Read More

မြိုင်တွင် စစ်ကောင်စီ လေယာဥ်ဖြင့် ၂ ရက်ဆက် ဗုံးကြဲ၊ PDF ၄ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး ​

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ We Love Myaing အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ ဒီဇင်ဘာလ (၅)ရက်ကနေ (၈)ရက်အထိ (၄) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုအပါ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၂,၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU(ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။