မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းဝင်ရင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အဖြစ် ပုံမှားရိုက် သတင်းမှားဖြန့်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၄ရက် မနေ့က နေ့လယ်ပိုင်းမှာ ပေါက်မြို့အခြေစိုက် ကပစ(၂၄) က ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြို့အနောက်တောင်ဘက် ပလောင်းကျေးရွာကို အင်အား ၂၀၀ နီးပါးနဲ့ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်တန်ဖိုးကြီးပစ္စည်းတွေကို ခိုးယူသယ်ဆောင်ကာ အရပ်သား ၅ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုခေါ်ဆောင်သွားသူတွေဟာ ပလောင်းကျေးရွာနေ ကိုဇေယျာထွန်း၊ ကိုဖိုးပြုံး၊ ကိုဇော်ဌေးနဲ့ ပေါက်ခေါင်းရွာ အထက်စုနေ ကိုမင်းနိုင်၊ ပေါက်ခေါင်းရွာအလယ်စုနေ ကိုဖိုးသူတို့ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါစစ်ကြောင်းဟာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အရပ်သား၅ယောက်ထဲက ၃ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နယ်မြေရှင်းလင်းချိန် ဖမ်းဆီးသတ်ဖြတ်ရမိတဲ့ PDF တွေအဖြစ် ပုံမှားရိုက်ကာ စစ်တပ်ထောက်ခံသူတွေကို သတင်းတွေ ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုက အရပ်သားများကို သတ်ဖြတ်ကာ PDF အဖြစ် ပုံမှားရိုက် သတင်းဖြန့်ထားပုံများ

“သူတို့ဖမ်းသွားတာ ပလောင်းရွာက ၂ယောက်ရယ် ပေါက်ချောင်းရွာ အထက်စုက ၁ယောက်၊ ပေါက်ချောင်းအလယ်စု ၁ယောက်ပါ။ အဲ့ထဲက ၃ယောက်ကိုသတ်ပြီး သေနတ်တွေနဲ့ PDF တွေဆိုပြီး သူတို့ချန်နယ်တွေမှာ သတင်းမှား ဖြန့်တာပါ။ တကယ်က တိုက်ပွဲလည်းလုံးဝမဖြစ်ဘူး” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေမှာတော့ အကြမ်းဖက်စစ်တပ်က ပလောင်းရွာအနီး PDF တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်းနဲ့ အလောင်း ၃လောင်း အပါအဝင် လက်လုပ်သေနတ်နဲ့ မိုင်းတွေ သိမ်းဆည်းရမိကြောင်း ပုံမှားရိုက် သတင်းဖြန့်ဝေထားတာ ဖြစ်ပါတယ်။

စစ်အုပ်စုက အရပ်သားများကို သတ်ဖြတ်ကာ PDF အဖြစ် ပုံမှားရိုက် သတင်းဖြန့်ထားပုံများ
စစ်အုပ်စုက အရပ်သားများကို သတ်ဖြတ်ကာ PDF အဖြစ် ပုံမှားရိုက် သတင်းဖြန့်ထားပုံများ
0 Shares:
You May Also Like
Read More

မတရား စုဆောင်းခြင်းခံထားရသူအများစုပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင်ဖွင့်လှစ်

အတင်းအကျပ်စစ်မှုထမ်းဖို့ စုဆောင်းခြင်းခံထားရသူအများဆုံး ပါ၀င်တဲ့ စစ်မှုထမ်း အပတ်စဉ် (၉) ကို စစ်ကောင်စီက စတင် သင်တန်းပေးနေပြီဖြစ်တယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

(PDO/PDA) စစ်ဦးစီး‌ရေးချုပ်တာဝန်ခံ ရဲဘော် နဂါး ကျဆုံး

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ရဲ့ စစ်ဦးစီးရေးချုပ် တာဝန်ခံ ရဲဘော် နဂါးဟာ ဆိပ်ဖြူမြို့နယ်ဘက် စစ်ဆင်ရေးတစ်ခုမှာ ကျဆုံးသွားခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ရှိနေသည့် မန္တ​လေးတွင် “အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း” စာသားချိတ်ဆွဲ ဆန္ဒပြ

စစ်မှုထမ်းဥပဒေအတွက် ပေါ်တာဆွဲ မဲနှိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့ မန္တလေးမြို့မှာ "အကြောက်တရားကို ဖိနပ်နဲ့နင်း၊ အာဏာရှင်ကို ဂန်းနဲ့ဗျင်း" ဆိုတဲ့ စာတန်းကို ချိတ်ဆွဲရင်း ပြည်သူတွေအကြောက်တရားမရှိစေဖို့ နှိုးဆော်သတိပေးခဲ့တယ်လို့ Voice Of Mandalay အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ရေးကို ဦးစားပေးနေတဲ့ အာဏာသိမ်းစစ်ကောင်စီကြောင့် တိုင်းပြည်ဟာ သဘာ၀ဘေးကို ပိုမိုခံစားနေရပြီး နလန်ထူဖို့ ခက်ခဲလာ

တိုင်းပြည်ကို အာဏာသိမ်းခဲ့တဲ့ စစ်တပ်အဆက်ဆက်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကို အလေးမထားဘဲ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာကြောင့် မြန်မာနိုင်ငံဟာ စစ်ဘေးနဲ့အတူ သဘာ၀ဘေးကို တခြားနိုင်ငံတွေထက် ပိုမိုပြင်းထန်စွာ ခံစားနေရတယ်လို့  ISP Myanmar ရဲ့ အစီရင်ခံစာတစ်စောင်က ဖော်ပြလာပါတယ်။
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ စစ်အစိုးရရုံးများတွင် တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့က စစ်ကော်မရှင်လက်အောက်ခံ ရုံးတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က ထုတ်ပြန်ထားပါတယ်။