ရုရှားနိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက မော်စကိုမြို့ရှိ Radission Collection မှာ “လူငယ်နှင့် အနာဂတ်မြန်မာ-သိပ္ပံနှင့် နည်းပညာ”ခေါင်းစဥ်နဲ့ ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ စစ်တပ်လော်ဘီတွေက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို ရုရှားနိုင်ငံရှိ တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့တယ်လို့လည်း စစ်တပ်လော်ဘီတွေက သတင်းဖြန့်ဝေနေတာဖြစ်ပါတယ်။

လက်တွေ့မှာ အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်ဟာ နိုင်ငံအတွင်းရှိ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ လူငယ်တွေများစွာကို သတ်ဖြတ်တာ၊ ဖမ်းဆီးအကျဥ်းချတာတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ နိုင်ငံအတွင်း လူငယ် ၇၀၀၀၀ ကျော်ကို မတရား စစ်မှုထမ်းဥပဒေ အသုံးပြုပြီး စစ်တပ်ထဲ မဝင်မနေရ စစ်မှုထမ်းခိုင်းကာ ရှေ့တန်းစစ်မျက်နှာပြင်တွေကို တောက်လျှောက်ပို့ဆောင် အသေခံခိုင်းနေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

မြန်မာနှင့် ကြားခံစစ်ပွဲမှာ ဝင်မပါဘူးဟု ဘင်္ဂလားဒေ့ရှ်ပြော၊ဘင်္ဂလားဒေ့ရှ်မှတဆင့် ရခိုင်ဒေသကို လူသားချင်းစာနာမှု အကူအညီပေးမယ့်ကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေ

ရခိုင်ပြည်နယ်ကို အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေပေးပို့မယ့် လူသားချင်းစာနာမှုစင်္ကြံနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေတဲ့အကြား ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman က မြန်မာနဲ့ ဘယ်ကြားခံစစ်ပွဲမှာမှ ဝင်မပါဘူးလို့ ပြောကြားခဲ့ပါတယ်။
Read More

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် အုန်းဖျန်မြို့က ဂီတဖျော်ဖြေပွဲမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား၊ ၃ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရ…

ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် တောင်းဆို

မြန်မာစစ်အုပ်စုကို စစ်လက်နက် တစိုက်မတ်မတ် ရောင်းချပေးနေသည့် တရုတ်အစိုးရပိုင် NORINCO ကုမ္ပဏီအား အရေးယူပေးရန် Justice For Myanmar (JFM) အဖွဲ့က ယနေ့ထုတ်ပြန် တောင်းဆိုလိုက်သည်။
Read More

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်နေသူများကို အားပေးကူညီမည်ဟု အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်နေသူတွေကို အားပေးကူညီသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားလိုက်ပါတယ်။