မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက် အခိုင်အမာ ရပ်တည်ပြီး ရာဇဝတ်မှုများစွာ ကျူးလွန်ထားတဲ့ ပျူစောထီးတွေ အခြေစိုက်ရာ မြောက်ခင်ရန်း ပျူရွာကို ပြီးခဲ့တဲ့ လပိုင်းကတည်းက စားနပ်ရိက္ခာနဲ့ တခြားအသုံးအဆောက်ပစ္စည်းတွေ ဈေးတင်ရောင်းချနေတာမျိုးရှိပေမယ့် ဘယ်သူတွေရောင်းချနေလဲတော့ မသိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

“ရောင်းတာက တလရ အဖွဲ့တွေနဲ့ ဆက်နွယ်တဲ့သူတွေ ပါတယ်။ ပြီးတော့ ဒေသခံတွေပါတယ်။ ရိပ်မိတာ သိတာက ကြာပါပြီ။ သူတို့တွေက ညအချိန်မှ ခိုးသွင်းကြတာပါ။ ရောင်းတာကတော့ ၅ဆမက အမြတ်ရလို့ ရောင်းနေကြတာပါ။ ဆား တထုပ် ဒီမှာ တထောင်ဆို ပျူရွာရောက်ရင် ငါးထောင်ပေါ့လေ။ ဆီ၊ ဆန်၊ ဆား၊ အချိုမှုန့်၊ ငါးပိငါးခြောက်၊ စက်သုံးဆီ..” လို့ ယောဒေသခံတယောက်က မောင်းကို ပြောပါတယ်။

မြောက်ခင်ရန်းရွာကို ညအချိန်မှာ ရိက္ခာပစ္စည်းတွေ သွားရောက်ပို့ဆောင် ရောင်းချပေးတဲ့ လူ ၃ယောက်ကို ပြီးခဲ့တဲ့လပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့ကို ၂လ ထိန်းသိမ်းကာ ဒဏ်ငွေတချို့ ပေးဆောင်ခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း ယောအလင်းတန်းက ရေးသားဖော်ပြထားပါတယ်။

ဂန့်ဂေါမြို့နယ်အတွင်း ရွာအချို့ကို မြောက်ခင်ရန်းရွာ ပျူစောထီးစစ်ကြောင်း မီးရှို့ဖျက်ဆီးခဲ့စဥ် (ဓာတ်ပုံ ယောအလင်းတန်း)

စစ်ကိုင်းတိုင်းအစပ် ကလေး-ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ မြောက်ခင်ရန်းရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ပျူစောထီးအားကောင်းရာ ရွာတရွာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေ ဦးဆောင်ပြီး ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တဲ့ရွာ ဖြစ်သလို အဆိုပါရွာကနေ ပျူစောထီးမဟုတ်တဲ့ အရပ်သားတွေ ထွက်ပြေးလာခဲ့တာလည်း ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

ဒါ့အပြင် မြောက်ခင်ရန်းရွာကို တော်လှန်ရေးတပ်တွေက ရိက္ခာဖြတ်ထားတာ ၂နှစ်ကျော်ရှိပြီလို့လည်း သိရပါတယ်။

ပျူရွာကို ရိက္ခာရောင်းချတာနဲ့ ပတ်သက်လို့ နောက်ထပ် ဒေသခံတယောက်ကလည်း “ပစ္စည်းတွေက ဘာပစ္စည်းလဲတော့ မသိဘူး။ တော်တော်များတယ်။ ရေထဲကို မျှောတယ်။ ငါးရှာသမားတွေ လာပြန်ပြောတယ်။ အထဲထဲကလူ ပါတယ်လို့ ယူဆတယ်။ ဒေသခံတွေက နောက်က ထောက်ပံ့ပေးနေပြီး ရှေ့ကလူတွေ ဒီလိုတွေလုပ်တာ မကောင်းပါဘူး။ ရွာထဲမှာ အလှူခံရတာ လွယ်တာမဟုတ်ဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းက မြောက်ခင်ရန်းရွာမှာ စစ်အုပ်စုလက်အောက်ခံ ပျူစောထီးတွေက တော်လှန်ရေးရဲဘော် ၂ယောက်ကို သစ်ပင်မှာ တွဲလောင်းချ မီးရှို့သတ်ကာ လူမဆန်ဆုံးသော ရာဇဝတ်မှုကို ကျူးလွန်ခဲ့ပြီး ဒီလိုလုပ်ရပ်ကို ရွာထဲမှာရှိတဲ့လူတွေ တအိမ်တယောက် ထွက်ကြည့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်နိုင်ခဲ့၊ တစ်လက်ကို ၃၅ သိန်းကျပ် ကျသင့်ပြီး ထောက်ပို့ပြည်သူများ ကူညီထောက်ပံ့နိုင် 

မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger (MBT) နဲ့  ညီနောင်မဟာမိတ်ဖြစ်တဲ့ Royal Brother Defence Force (RBDF) တို့ ပူးပေါင်းပြီး ၅.၅၆ ကျည်သုံး ရိုင်ဖယ်သေနတ်ကို ထုတ်လုပ်နိုင်ခဲ့ပြီလို့ MBT တပ်ဖွဲ့ထံက သိရပါတယ်။ 
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ရေးမငြိမ်သက်နေတဲ့ ဆင်ဖြူကျွန်းမြို့က စစ်ရှောင် ၁၀၀ နီးပါးကို PDF က ကူညီစောင့်​ရှောက်ပေးထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့မှာ ထိတွေ့တိုက်ပွဲအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားတွေကို လက်ခံစောင့်ရှောက်ထားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။ 
Read More

ခင်ဦးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းပြုတ်ကာ အလောင်းအများအပြား ကျန်ရစ်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှကျေးရွာမှာ ၄ရက်ကြာ အထိုင်ချ တပ်စွဲပြီးတဲ့နောက် ပျဥ်ထောင် ပျူစောထီးကျေးရွာကို စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စု အများအပြားကျဆုံးကာ အထိနာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ထံက သိရပါတယ်။