မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း က သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ပျောက်ကြား သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်ပျူစောထီး ၁ယောက် သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၂၄ရက်၊ မနေ့ မနက်အစောပိုင်းမှာ သရက်ကန်ပျူစောထီးရွာရဲ့ ဘန်ကာတွေနားအထိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ချဉ်းကပ်ပစ်ခတ်ရာ တာဝန်ကျနေတဲ့ ပျူစောထီးကင်းမှူး မျိုးနိုင်အေးဆိုသူ နေရာတင် လဲကျ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပျူစောထီးတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်မှု ၁၀မိနစ်ကြာဖြစ်ပွားပြီး တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့လိုက်တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

“ကျနော်တို့ဘက်က အင်အားသုံးဆယ်လောက်နဲ့ ပျောက်ကြား သွားလုပ်တာ။ ကင်းမှူးက ဘန်ကာထဲကအထွက်ကို စောင့်ပစ်လိုက်နိုင်တာပေါ့။ နောက်ပစ်ခတ်မှုတွေဖြစ်တော့ သူတို့ဘက်ထိခိုက်တာတွေရှိတယ်။ အတည်မပြုနိုင်ဘူး။” လို့ အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့နဲ့အတူ အညာမြေတပ်ပေါင်းစု ၊ မြိုင်-ပကဖ (၁ ) တပ်ခွဲ (၁) ၊ မြိုင်-ပကဖ တပ်ရင်း( ၁)တပ်ခွဲ (၄ )(စက်ြာ)၊ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ၊ Unoin Brothers Ub ၊ Kamma Undergroung Pdf – ကမ္မတပ်ပေါင်းစု ၊ ဒေါင်းညီနောင်တပ်ဖွဲ့ ၊ ဒေါင်းမာန်တပ်ဖွဲ့၊ နွေဦးညီနောင်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့ကလည်း ထန်းတက်ဖို့ထွက်လာတဲ့ သရက်ကန်ပျူစောထီး ၁ယောက်ကို တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့ပါ​သေးတယ်။

သရက်ကန်ပျူစောထီးရွာဟာ ပျူစောထီးနဲ့ အကြမ်းဖက်စစ်သား အင်အား ၁၂၀နီးပါး တပ်စွဲထားတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ အရပ်သား ၁၅၀နီးပါး ရှိကြတယ်လို့ သိရပါတယ်။

ရွာခံပျူစောထီးတွေဟာ သူတို့ကို တော်လှန်ရေးတပ်တွေ မပိတ်ဆို့ခင်စပ်ကြား အနီးနားကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ရင်း ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ရွာကိုမီးရှို့တာတွေ လုပ်ဆောင်ခဲ့သလို ပိတ်ဆို့ခံထားရချိန်မှာလည်း ကျေးရွာအတွင်းကနေ အရပ်သားတွေကို အပြင်ထွက်မိုင်းရှာ၊ ဟင်းရွက်ရှာနဲ့ ထင်းရှာခိုင်းတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

ဒီအတွက် ကျေးရွာအတွင်း မနေထိုင်လိုတဲ့ အရပ်သား တော်တော်များများဟာလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာဆီ ထွက်ပြေးခိုလှုံတာ​မျိုးတွေ ရှိနေပါတယ်။

အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ ဘိုဘိုသန့်ဇင်)

0 Shares:
You May Also Like
Read More

ရွှေတောင်မှာ သန်းခေါင်စာရင်းကောက်နေတဲ့ ထွေအုပ်စာရေး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ သန်းခါင်စာရင်းကောက်ယူနေမှုကို အားတက်သရော ပါဝင်နေတဲ့ ထွေအုပ်စာရေးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 3601 PPDF တပ်ရင်းထံက သိရပါတယ်။
Read More

မုံရွာမြို့၊ နဝရတ်ရွှေဆိုင် ဓားပြမှုမှာ ကျူးလွန်ခဲ့သူတွေထဲက ၃ ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထား

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နဝရတ်ရွှေဆိုင် ဓားပြမှုနဲ့ ပတ်သက်လို့ ပါဝင်ကျူးလွန်သူ ၃ယောက်ကို ကနဦးဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီနေ့ အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်က နိုင်ငံတကာတွင် ကန့်သတ်ထားသော ကလပ်စတာဗုံးများကို အသုံးပြုတိုက်ခိုက်နေ… အဆိုပါဗုံးများကို ကပစ-၂၁ တွင် တရုတ်နည်းပညာအကူအညီနှင့် တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ကန့်သတ်ထားတဲ့ ကလပ်စတာဗုံး အမျိုးအစားတွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ စစ်ဘက်သုတေသနဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ဦးသေဆုံး၊ ကလေး(၂) ဦးနှင့် ပြည်သူ (၁) ဦးဒဏ်ရာရ…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်အပါ အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

သီပေါမြို့ပေါ်ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မ​တော် - PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်တပ်တွေက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။